Connect with us

Hi, what are you looking for?

သတင်း

မြန်အောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခု စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီးရသစ်တောကြိုးဝိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့်ရဲများက ဇွန်လ ၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခြင်းဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

(မြန်အောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းအား စစ်ကောင်စီတပ်သားများ ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - စကစ)
(မြန်အောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းအား စစ်ကောင်စီတပ်သားများ ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - စကစ)

▪️ရဲဘော်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့ဟုဆို

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သော်လည်း ရဲဘော် များအားလုံး အချိန်မီတိမ်းရှောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီးရသစ်တောကြိုးဝိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့်ရဲများက ဇွန်လ ၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခြင်းဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“သတင်းကြိုရလို့ လူတွေလွတ်အောင် ရှောင်နိုင်ခဲ့တယ်။ စခန်းက ပစ္စည်းတွေတော့ ပါသွားတယ်။စခန်းကို ဖျက်ဆီးသွားတယ်။ လူအန္တရာယ်ကင်းဖို့ အဓိကပါပဲ။ စိတ်ဓာတ်ကျစရာမရှိပါဘူး”ဟု အဆိုပါ ထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement
Public Service Announcement

စခန်းမှ လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ် များ၊ ခဲယမ်းများနှင့် လက်နက်ထုတ်လုပ်ရေးပစ္စည်းများအပြင် ရိက္ခာနှင့်ဆေးဝါးများကို စစ်ကောင်စီတပ်က ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဟင်္သာတခရိုင်အတွင်းပါဝင်သော မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့်ဧပြီက ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှူးတစ်ဦး လက်ဖြတ်လိုက်ရပြီးနောက် အနီးဝန်းကျင်းကျေးရွာများကို စစ်ကောင်စီက မွှေနှောက်နေသည်ဟု ဒေသခံများက ပြောသည်။

ဧပြီ၂၇ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကို စစ်ကောက်စီတပ်က မတရားဖမ်းဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။