Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုယ်ကျဦးဆောင်ရန် NUG နိုင်ငံခြားရေးတိုက်တွန်း

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကြီးလေးမှုနှင့် အထူးကိုယ်စားလှယ်၏ တာ၀န်ရပ်ဆိုင်းမှုမှဖြစ်ပေါ်လာမည့် လစ်ဟာမှုတို့ကြောင့် အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ကောင်းစွာအသုံးချရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - UN)
(ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - UN)

စစ်အုပ်စု၏ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်နေမှုများ ရပ်တန့်ရန်နှင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးရာ စိတ်ဆန္ဒကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအဖြေထွက်ပေါ်လာရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်ကိုယ်ကျဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန်လ ၃ ရက်စွဲဖြင့် ယမန်နေ့တွင် ထုတ်ပြန်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးနှင့်ပတ်သက်၍ ယခုအချိန်သည် ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် ဦးဆောင်လမ်းပြရမည့်အချိန်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကြီးလေးမှုနှင့် အထူးကိုယ်စားလှယ်၏ တာ၀န်ရပ်ဆိုင်းမှုမှဖြစ်ပေါ်လာမည့် လစ်ဟာမှုတို့ကြောင့် အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ကောင်းစွာအသုံးချရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် မကြာမီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် နုတ်ထွက်တော့မည့် ဒေါက်တာနိုလင်းဟေဇာနှင့် ဇွန်လ ၂ ရက်တွင် လူချင်းတွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးကိုယ်စားလှယ်၏လုပ်ငန်းတာ၀န်များနှင့်ပတ်သက်၍ ဒေါက်တာနိုလင်းဟေဇာ၏နှစ်မြှုပ်ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုကြောင်း ထည့်သွင်းပြောကြားသည်။

Public Service Announcement

Public Service Announcement

သို့သော် အထူးကိုယ်စားလှယ်ဒေါက်တာနိုလင်းဟေဇာပြောကြားခဲ့သည့်အတိုင်း မြန်မာ့အရေးအပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ ဖြေရှင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းသည် အထူးကိုယ်စားလှယ် ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊အတားအဆီးများကို ပိုမိုခက်ခဲဆိုးရွားစေခဲ့ကြောင်း NUG နိုင်ငံခြားရေးက ဆိုသည်။

စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချူပ်၏ အထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ ခန့်ကြာ တာ၀န်ထမ်းဆောင်ခဲ့သည်။ ၎င်းတာ၀န်ထမ်းဆောင်စဥ်ကာလအတွင်း မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုနှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခွင့်မရခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook