Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUGက စစ်ကိုင်းတိုင်းရှိ PDF တပ်ရင်းများကို လက်နက်တပ်ဆင်ပေး

ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်စွမ်းကလည်း မေလ ၃၀ ရက်နေ့တွင် NUG ကာကွယ်​ရေးဝန်ကြီးဌာနကပါရီ ၅ လက်ကျည် ၅၀၀ ဗောက်အပို ၁၀ခု လက်ခံရရှိခဲ့ကြောင်းအသိပေးသည်။

(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)
(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)

▪︎ယင်းမာပင်ခရိုင်ရှိ ခရိုင်တပ်ရင်းအများစု လက်နက် ၅ လက်စီရရှိ​ကြောင်း တပ်ရင်း​ခေါင်း​ဆောင်များ​ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများကိုလက်နက်တပ်ဆင်ပေး​နေကြောင်း ယနေ့ ထုတ်ပြန်သည်။

သို့​သော် လက်နက်တပ်ဆင်ပေးခဲ့သည့်တပ်ရင်းတပ်ဖွဲ့နှင့် လက်နက်အရေအတွက်၊ မြို့နယ်အမည်များကိုမူ ဖော်ပြထားခြင်းမရှိဘဲ​ပေ။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများနှင့်စစ်ကြောင်းများကို မဟာဗျုဟာနှင့်အညီ တဆင့်ချင်း လက်နက်တပ်ဆင်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)
(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)

စစ်ကိုင်းတိုင်းရှိ မြို့နယ်များအနက်ကာကွယ်ရေးဝန်ကြီးဌာန က အတည်ပြု ကုတ်နံပါတ်ထုတ်ပေးထားသည့် တပ်ရင်း ၃၇ ရင်းရှိ​သောယင်းမာပင်ခရိုင်တွင် တပ်ရင်း တစ်ရင်းလျှင် လက်နက်ငါးလက်နှုန်း ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးလျက်ရှိသည်ဟုယင်းမာပင်ခရိုင်ရှိဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“အဲဒါဟုတ်တယ်ဗျ။ ဟုတ်တာကအခုတပြိုင်တည်းမဟုတ်ဘူး။ တချို့ရင်းတွေက ရထားပြီးသာကြာပြီ။ အဲဒီတုန်းက ကျန်ခဲ့တဲ့ လက်ကျန်ရင်းတွေကိုချပေးတာ။ တစ်မြို့နယ်ကို အနည်းဆုံး ၄ရင်းလောက်တော့ရလိမ့်မယ်ထင်တယ် အခုတစ်သုတ်မှာ” ဟု ၎င်းက People’s Spring သို့ ဇွန်လ ၂ရက်တွင် ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်ခရိုင်တွင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲစသည့် မြို့နယ် လေးခုရှိပြီး တပ်ရင်းကျပြီး ကာကွယ်ရေးဝန်ကြီးဌာနက ကုတ်ကျထားသည့် တပ်ရင်း​ပေါင်း ၃၇ရင်းရှိသည့်အပြင် ကာကွယ်ရေးဝန်ကြီးဌာနသို့ တပ်ရင်းတင်ထားဆဲတပ်ရင်းများလည်း ရှိ​ကြောင်းသိရသည်။

“အခု ဒုတိယအသုတ်မှာ ကျနော်အထင်တချို့ရင်းတွေက ရမယ်လို့ ပစ္စည်းပါတယ်လို့ သတင်းရောက်ပြီးပြီ။လက်ထဲကို မရောက်သေးတော့ မပြောရဲသေးတာပေါ့။ တစ်ရင်းကို ငါးလက်ပဲ။ သူတို့ကိုယ်က တပ်ရင်းရဲ့ တပ်စောင့်လက်နက်ဆိုပြီးချတာဆိုတော့ အဲဒါကျတော့ ဝေဖန်လို့တောင်မရဘူး။ ကျနော်တို့သတ်မှတ်ထားတာက တပ်ရင်းတစ်ရင်းကို ရဲဘော် ၂၀၀ ကျော်ကိုး။ တချို့ရင်းတွေဆိုရင် တပ်ရင်းချထားတာ တစ်နှစ်ကျော်ပြီ။ အခုမှ အဲဒီ ၅လက်ရောက်တာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)
(NUG မှ ခရိုင်တပ်ရင်းများအတွက် လက်နက်များ​တပ်ဆင်ပေးအပ်​နေစဥ်။ဓါတ်ပုံ-NUG)

ယင်းမာပင်ခရိုင်ရှိ မြို့နယ်လေးမြို့နယ်မှ တပ်ရင်းတိုင်းကို ယခုထက်ပို၍ လက်နက်ခဲယမ်းများ တပ်ဆင်ပေးနိုင်ပါက ဒေသတွင်းစစ်ရေးအခြေအနေ သိသာစွာအပြောင်းအလဲဖြစ်သွားမည်ဟု ၎င်းက ဆက်​ပြောသည်။

“လူအစေ့ တပ်ဆင်တာထက် တပ်ရင်းအားလုံးရဲ့ တစ်ဝက်လောက်လက်နက်တပ်ဆင်နိုင်တယ်၊ ရင်းတွေကလည်း အမိန့်တစ်ခု အောက်မှာ အလုပ်လုပ်နိုင်တယ်ဆိုရင် ကျနော်တို့ခရိုင်က နမခ ကိုတောင် နှင်ထုတ်လို့ရမယ့်အနေအထားပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်စွမ်းကလည်း မေလ ၃၀ ရက်နေ့တွင် NUG ကာကွယ်​ရေးဝန်ကြီးဌာနကပါရီ ၅ လက်ကျည် ၅၀၀ ဗောက်အပို ၁၀ခု လက်ခံရရှိခဲ့ကြောင်းအသိပေးသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန်သေနတ် ၅လက် တပ်ဆင်ပေးလာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF) ခေါင်းဆောင် ကိုပုလဲက People’s Spring သတင်းဌာနသို့ ပြောကြားသည်။ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား ဇွန်လ ၁ရက်တွင် သေနတ်၅လက်၊ ကျည်ဘောက် ၁၅ခုနှင့် ကျည် ၅၀၀ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့ခြင်းဟု သိရသည်။

“ယင်းမာပင်ခရိုင် တပ်ရင်းတွေအနေနဲ့ အရင်ကတည်းက ရထားပြီးသားတွေရှိတယ်။ကျွန်တော်တို့တပ်ရင်းအနေနဲ့ ပထမဆုံးရတာ။NUGကို ကျေးဇူးတင်တယ်။ရဲဘော်တွေလည်း အတိုင်းမသိ စိတ်အား တက်စေခဲ့တယ်”ဟု ကိုပုလဲက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။