Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းရှိ ထီးဆောင်းရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များက အချိန် ၂နာရီကြာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (ဇွန်လ ၄ ရက်) နံနက် ၇နာရီခန့်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာတွင် အင်အား ၅ဝခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ခုနစ်စီးဖြင့် ဗုံးသီး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီတပ်သားများရှိရာ နေရာအား ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်သားများရှိရာ နေရာအား ဗုံးချတိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အချိန် ၂နာရီခန့်ကြာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်) နံနက် ၇နာရီခန့်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာတွင် အင်အား ၅ဝခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ခုနစ်စီးဖြင့် ဗုံးသီး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သား ၅ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။ သို့သော် သေဆုံးထိခိုက်မှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement
Public Service Announcement

“အချိန်က နှစ်နာရီလောက်ကြာတယ်။ ဒရုန်း နှစ်စင်းသုံးစင်းပြန်လွှတ်တာ။ ဒီကောင်တွေ အထိနာလို့စခန်းကိုပါစွန့်ပြီး ထွက်ပြေးရတယ်။ အခုတော့ပြန်ရောက်လာပြီ။ ဒရုန်းမြင်ကွင်းကနေ မြင်ရတာက ဒီကောင်တွေဘန်ကာထဲကနေ အသင့်ယူပြီးစောင့်နေတဲ့အချိန်မှာ ဗုံးသီးကျသွားလို့ ပြန်ထွက်မလာနိုင်ဘဲ ပြန်မထနိုင်တာတွေ တရွတ်တိုက်ဆွဲသွားတာတွေ သေသေချာချာကိုမြင်ရတယ်။”ဟု Moe Nyo Revolution Force အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း – ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း-၇(Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅၊ မိုးညို (Local PDF) နှင့် MRTF Drone Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့တစ်ရက်လုံး လမ်းပိတ်ဆို့စစ်ဆေးခဲ့ပြီး ညနေပိုင်းမှသာ လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း နယ်ခံများက ပြောသည်။

ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်းသွား ခရီးသွားများအား ဖမ်းဆီးစစ်ဆေး မတရားငွေတောင်းမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။