Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းရှိ ထီးဆောင်းရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များက အချိန် ၂နာရီကြာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (ဇွန်လ ၄ ရက်) နံနက် ၇နာရီခန့်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာတွင် အင်အား ၅ဝခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ခုနစ်စီးဖြင့် ဗုံးသီး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီတပ်သားများရှိရာ နေရာအား ဗုံးချတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီတပ်သားများရှိရာ နေရာအား ဗုံးချတိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အချိန် ၂နာရီခန့်ကြာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်) နံနက် ၇နာရီခန့်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ထီးဆောင်းကျေးရွာတွင် အင်အား ၅ဝခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ခုနစ်စီးဖြင့် ဗုံးသီး ၂၀ကျော်ချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သား ၅ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။ သို့သော် သေဆုံးထိခိုက်မှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement
Public Service Announcement

“အချိန်က နှစ်နာရီလောက်ကြာတယ်။ ဒရုန်း နှစ်စင်းသုံးစင်းပြန်လွှတ်တာ။ ဒီကောင်တွေ အထိနာလို့စခန်းကိုပါစွန့်ပြီး ထွက်ပြေးရတယ်။ အခုတော့ပြန်ရောက်လာပြီ။ ဒရုန်းမြင်ကွင်းကနေ မြင်ရတာက ဒီကောင်တွေဘန်ကာထဲကနေ အသင့်ယူပြီးစောင့်နေတဲ့အချိန်မှာ ဗုံးသီးကျသွားလို့ ပြန်ထွက်မလာနိုင်ဘဲ ပြန်မထနိုင်တာတွေ တရွတ်တိုက်ဆွဲသွားတာတွေ သေသေချာချာကိုမြင်ရတယ်။”ဟု Moe Nyo Revolution Force အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း – ၁(နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း-၇(Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅၊ မိုးညို (Local PDF) နှင့် MRTF Drone Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယမန်နေ့တစ်ရက်လုံး လမ်းပိတ်ဆို့စစ်ဆေးခဲ့ပြီး ညနေပိုင်းမှသာ လမ်းပြန်ဖွင့်ပေးခဲ့ကြောင်း နယ်ခံများက ပြောသည်။

ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်းသွား ခရီးသွားများအား ဖမ်းဆီးစစ်ဆေး မတရားငွေတောင်းမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။