Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတွင်တိုက်ပွဲပြင်းထန်ပြီး ဖုန်းနှင့်အင်တာနက်ပြတ်​တောက်​နေ

မိုးဗြဲ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး အတွက် လမ်းပိုင်းဆိုင်ရာ ပိတ်ဆို့ခြင်းများ နှင့် ကုန်သွယ်ရေး လမ်း ကြောင်းများကိုပါပိတ်ဆို့ရန် စစ်ကောင်စီက ကြံစည်လာသည်ဟု ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)
(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)

ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲမြို့တွင် စစ်ရေးပြင်းထန်နေပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များက ပြောသည်။

ယမန်နေ့(ဇွန် ၄ ရက်)ညပိုင်းက မိုးဗြဲ မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီး အများအ ပြားဖြင့် မြို့တွင်းသို့ ပစ်ခတ်ခဲ့ရာ မဟာဓာတ်အားလိုင်းပြတ်​တောက်မှု အပါအဝင် အရပ်သားထိခိုက်မှုများ နှင့် နေအိမ် ပျက်စီးမှုများ ရှိခဲ့သည်။

“တိုက်ပွဲက မနေ့က ည ၇ နာရီခွဲလောက်မှာ စဖြစ်တာ။သိပ်မကြာဘူးခမရ ၄၂၂ ဘက်ကနေ လက်နက်ကြီးနဲ့ တောက် လျှောက် ပစ်တယ်။မဟာဓာတ်အားလိုင်း ကြိုးတွေ ပျက်စီးသွားသလို အရပ်သား ထိခိုက်မှုတွေရှိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်​ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်​တောက်ထား၍ ပြတ်တောက်နေသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ညပိုင်းတိုက်ပွဲအ​ခြေအ​နေအသေးစိတ်ကိုမူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နှင့်ဆက်သွယ်မရ​သေး၍ မသိရ​သေး​ပေ။

(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)
(မိုးဗြဲမြို့ကို Google Map တွင်​တွေ့ရမှုနှင့် ၂၀၂၂ ဇူလိုင်လတွင် မိုးဗြဲမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့စဥ်။ဓါတ်ပုံ-CJ)

မိုးဗြဲ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရေး အတွက် လမ်းပိုင်းဆိုင်ရာ ပိတ်ဆို့ခြင်းများ နှင့် ကုန်သွယ်ရေး လမ်း ကြောင်းများကိုပါပိတ်ဆို့ရန် စစ်ကောင်စီက ကြံစည်လာသည်ဟု ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“တပ်တွင်းသတင်းတစ်ခုတက်လာတယ်။မိုးဗြဲ မြို့ကို စကစ ဘက်က အလုံးစုံ တိုက်ပွဲတစ်ခု လာတော့မယ်။ အဲဒါကြောင့် ဒီရက်ပိုင်းမှာ မိုးဗြဲ မြို့တွင်းထဲ ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ထုနေတာလို့ ယူဆရတယ်။အရပ်သားတွေ ပြေးရင်ပြေး မပြေးရင်သေ ဆိုတဲ့ပုံစံမျိုး”ဟု ၎င်းက​ပြောသည်။

Public Service Announcement
Public Service Announcement

မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏ လုံခြုံ ရေးကို အထူးဂရုပြုရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထား သည်။

ယခုလ ၃ ရက်က မိုးဗြဲ မြို့ တွင်းသို့ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပွဲကုန်း ၂ ရပ် ကွက် မှ ​ဒေသခံပြည်သူတစ်ဦးသေဆုံးကာ မိုးဗြဲ လမ်း မကြီးပေါ် တွင် ဆီဖြည့်နေသည့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။