Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာတွင် ပြည်သူ့စစ်​ထောက်လှမ်း​ရေးတစ်ဦးအသတ်ခံရ

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။

(ပြည်သူ့စစ် ၊​ထောက်လှမ်း​ရေးဆိုသူ လှမိုးထံမှ PDFများသိမ်းဆည်းရရှိ​သော ​သေနတ် ။ဓါတ်ပုံ-BGF)
(ပြည်သူ့စစ် ၊​ထောက်လှမ်း​ရေးဆိုသူ လှမိုးထံမှ PDFများသိမ်းဆည်းရရှိ​သော ​သေနတ် ။ဓါတ်ပုံ-BGF)

မန္တလေးတိုင်း တောင်သာမြို့မှ စစ်ထောက်လှမ်းရေးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်၍ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။

” လှမိုးက စစ်ထောက်လှမ်းရေး။ ရပ်ကွက်ကို တော်တော်လေးဒုက္ခပေးတာ။ PDF ရဲဘော်တွေ လာပစ်သွားတာ” ဟု အင်ကျင်းသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

လှမိုးကိုမြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ရဲဘော်များနှင့်BGF-Burmese Guerrilla Forceအဖွဲ့မှပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြင်းခြံ ခရိုင်တပ်ရင်း အမှတ်(၃)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါ့ဘာကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်လှမိုးကိုင်ဆောင်သောကာဘိုင်M1‌ သေနတ်တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲ‌ ဘော်များအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုရဲဘော်ပေါ့ဘာကဆက်ပြောသည်။

Public Service Announcement
Public Service Announcement

တောင်သာမြို့နယ်အတွင်းတွင်ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ထို့အပြင်မေလ ၂၂ရက်ကလည်း တောင်သာမြို့နယ်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့တင် လေးဦး သေဆုံးသွားခဲ့သည်။

​စစ်​ကောင်စီတပ်က ​တောင်သာမြို့နယ်တွင် ပျူ​စောထီးများကိုစစ်သင်တန်း​ပေး၍ ​ပျူများ​မွေးမြူရန် လုပ်ကိုင်​နေသဖြင့်​ဒေသခံပြည်သူများကို ပျူများနှင့်​ဝေး​ဝေး​နေကြရန်၊ ပျူရွာများဖြစ်လာပါက ထိုရွာများသည် စစ်​မြေပြင်ဖြစ်လာနိုင်​ကြောင်း ​တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့(ပအဖ)ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

သတင်း

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

သတင်း

PNLA ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်နေသည်ဟု အသိပေးထားသည်။