Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ပြည်သူ့စစ်​ထောက်လှမ်း​ရေးတစ်ဦးအသတ်ခံရ

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။

(ပြည်သူ့စစ် ၊​ထောက်လှမ်း​ရေးဆိုသူ လှမိုးထံမှ PDFများသိမ်းဆည်းရရှိ​သော ​သေနတ် ။ဓါတ်ပုံ-BGF)
(ပြည်သူ့စစ် ၊​ထောက်လှမ်း​ရေးဆိုသူ လှမိုးထံမှ PDFများသိမ်းဆည်းရရှိ​သော ​သေနတ် ။ဓါတ်ပုံ-BGF)

မန္တလေးတိုင်း တောင်သာမြို့မှ စစ်ထောက်လှမ်းရေးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်၍ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ၊အင်ကျင်းသာရွာမှ စစ်မှူထမ်းဟောင်းစစ်ထောက်လှမ်းရေးလှမိုးသည် ဇွန်လ ၄ရက် ညနေတွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟုသိရသည်။

” လှမိုးက စစ်ထောက်လှမ်းရေး။ ရပ်ကွက်ကို တော်တော်လေးဒုက္ခပေးတာ။ PDF ရဲဘော်တွေ လာပစ်သွားတာ” ဟု အင်ကျင်းသာရွာ ဒေသခံတစ်ဦးက People’s Spring သို့ပြောသည်။

လှမိုးကိုမြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)ရဲဘော်များနှင့်BGF-Burmese Guerrilla Forceအဖွဲ့မှပစ်ခတ်ရှင်းလင်းခဲ့သည်ဟု မြင်းခြံ ခရိုင်တပ်ရင်း အမှတ်(၃)ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါ့ဘာကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်လှမိုးကိုင်ဆောင်သောကာဘိုင်M1‌ သေနတ်တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲ‌ ဘော်များအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟုရဲဘော်ပေါ့ဘာကဆက်ပြောသည်။

Public Service Announcement
Public Service Announcement

တောင်သာမြို့နယ်အတွင်းတွင်ယခုရက်ပိုင်း တိုက်ပွဲများဖြစ်နေသည်။ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်ဟု​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ထို့အပြင်မေလ ၂၂ရက်ကလည်း တောင်သာမြို့နယ်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့တင် လေးဦး သေဆုံးသွားခဲ့သည်။

​စစ်​ကောင်စီတပ်က ​တောင်သာမြို့နယ်တွင် ပျူ​စောထီးများကိုစစ်သင်တန်း​ပေး၍ ​ပျူများ​မွေးမြူရန် လုပ်ကိုင်​နေသဖြင့်​ဒေသခံပြည်သူများကို ပျူများနှင့်​ဝေး​ဝေး​နေကြရန်၊ ပျူရွာများဖြစ်လာပါက ထိုရွာများသည် စစ်​မြေပြင်ဖြစ်လာနိုင်​ကြောင်း ​တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့(ပအဖ)ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

Facebook