Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၆)နယ်မြေ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားလေးဦး ထပ်မံသေဆုံး

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၆ရက်)ကလည်း ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာ အုပ်စု၊ ဆံဖလားကျေးရွာအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

(ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪️စာသင်ကျောင်း ၊ ဘာသာရေးအဆောက်အဦးနှင့် ပြည်သူလူထုနေအိမ်များ ပျက်စီးမှုရှိကြောင်း ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က ဇွန်လ ၂ရက်တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ပြီး အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထို့နေ့တွင် KNU ပူးပေါင်းတပ်က ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို လာရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းမှ လက်နက်ကြီးဖြင့်ပြန်လည်တိုက်ခိုက်ရာ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အစ္စလာမ့်ဘာသာဝင်များ၏ ဗလီ တစ်ကျောင်း နှင့် အစ္စလာမ့် လူမှုကူညီရေး နိဗ္ဗာန်ယာဉ် တစ်စီး ကျည်ထိမှန် ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး နှင့် ကလေးငယ်အပါအဝင် လေးဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။ ထို့ပြင် အရပ်သား သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၆ရက်)ကလည်း ကော့ကရိတ်မြို့နယ် ခုဒုံကျေးရွာ အုပ်စု၊ ဆံဖလားကျေးရွာအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က ဗုံးပဒေသာဟုခေါ်ဆိုသည့် Cluster Bomb အား ကျေးရွာအတွင်းလာရောက်ကြဲချခဲ့ရာ ဆံဖလားကျေးရွာ အခြေခံမူလတန်းစာသင်ကျောင်း တစ် ကျောင်း၊ ပြည်သူနေအိမ် လေးလုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်တစ်ချို့ ကျည်စထိမှန် ပျက်စီးခဲ့ရသည်ဟု KNUက အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်နှင့်အမျှ ကလေးပါအစ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာ ထိခိုက် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ဘာသာရေး အဆောက်အဦးများနှင့် စာသင်ကျောင်းများလည်း ပျက်စီးဆုံးရှုံးနေရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။