Connect with us

Hi, what are you looking for?

သတင်း

အရာတော် အမှတ်(၁ဝ)လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မေလ ၃၁ ရက်ကလည်း အရာတော်မြို့နယ် ဝါးတန်းကျေးရွာတွင် တပ်စွဲထားသော စစ်‌ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း Ayadaw Bone Naing PDF – A.B.N PDF က သတင်းထုတ်ပြန်ထားသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁ဝ) လေ့ကျင့်ရေးတပ်အား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF၏ တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

ယမန်နေ့ (ဇွန်လ ၆ရက်) နေ့လယ် ၃နာရီခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေး(၁၀)တပ် (အရပ်ခေါ် အရှေ့တပ်)အား (၁၀၇)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF၏ တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

“ဆယ်မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အထိအခိုက်ကတော့ စုံစမ်းနေဆဲပဲ။”ဟု ဗိုလ်မောင်းက ပြောသည်။

ထို့အပြင် စောင့်ကြည့်ကင်းထောက်များ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြားရရှိနိုင်ပြီး သေဆုံးမှုရှိနိုင်သည်ဟု Danger Force LPDF အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ခြောက်ကြိမ်​ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ရဲဘော်များအထိအခိုက်အကျဆုံးမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ဆိုသည်။

ယနေ့ (ဇွန်လ ၇ ရက်) နံနက်ပိုင်းတွင် အမှတ်(၁ဝ) လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ခန့်ပါ စစ်ကြောင်းထွက်လာပြီး အရာတော်မြို့နယ်၊ ကျောက်ပြောက်ကျေးရွာမြောက်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Danger Force LPDFမုံရွာခရိုင် ရင်း(၆)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။