Connect with us

Hi, what are you looking for?

သတင်း

မအူပင်မြို့အနီးဗဟိုပြု ငလျင်လှုပ်ခတ် သီလရှင်နှစ်ဦးအပါအဝင် ၃ဦး အုတ်တံတိုင်းပိ၍​သေဆုံးဟုကနဦးသတင်းရရှိ

ငလျင်သည် မြေအနက် ၁၆ ကီလိုမီတာ(၁၀ မိုင်ခန့်)တွင် ဗဟိုပြလှုပ်ရှားခဲ့သည်ဟု USGS က ထုတ်ပြန်ထားသည်။ ​မြေအနက် ၁၀ မိုင်​အောက် လှုပ်ခတ်ပါက ​ဇောက်တိမ်ငလျင်ဟုသတ်မှတ်ပြီး ​မြေအနက် ၁၀ မိုင်​ကျော်လျှင်ဇောက်နက်ငလျင်ဟုသတ်မှတ်သည်။ ​ဇောင်တိမ် ငလျင်မှာဖျက်အားပိြကြီးသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

▪︎​ရွှေဘုန်းမြင့်ဘုရားထီး​တော် တိမ်း​စောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ဒဿမ၈ အဆင့်ရှိအင်အားအသင့်အတင့်ရှိ​​သော​မြေငလျင် ယနေ့(ဇွန် ၇) ညနေ ညနေ ၄နာရီ ၂၄မိနစ်က လှုပ်ခတ်သွားရာ မအူပင်မြို့ရှိ အဆောက်အအုံအချို့ ပျက်စီးမှုများရှိခဲ့ပြီး အုတ်တံတိုင်းပြိုကျ၍ သီလရှင် ၂ ဦးအပါအဝင် သုံးဦး သေဆုံးသွားကြောင်းကနဦးသတင်းရရှိသည်။

“မအူပင်နည်းပညာတက္ကသိုလ်အုတ်နံရံ‌တွေကွာကျတယ်။ ရွှေဘုန်းမြင့်ဘုရားဘေးက အုတ်တံတိုင်းပြိုကျလို့ပိပြီး သီလရှင်လေးနှစ်ပါးနဲ့ လူတစ်ယောက် သေဆုံးတယ်” ဟု မအူပင်မြို့ခံတဦးကပြောသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)
(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

ထိုအပြင် ​ရွှေဘုန်းပွင့်ဘုရား ထီး​​တော် တိမ်း​စောင်းသွား​သည်ကိုလည်း လူမှုကွန်ယက်​ပေါ်တက်လာ​သော သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

သို့​သော်ပျက်စီးထိခိုက်မှုအသေးစိတ်အခြေအနေကိုမူPeople’s Spring ကဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ငလျင်သည် မအူပင်မြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၄ဒဿမ ၈အဆင့်ဖြင့် လှုပ်ခတ်သွားခြင်းဟုကမ္ဘာတစ်ဝန်း​မြေငလျင်လှုပ်ခပ်မှုများကို​စောင့်ကြည့်သတိ​ပေး​နေ​​သော အမေရိကန် ဘူမိလေ့လာရေးဌာန USGS က ထုတ်ပြန်ထားသည်။

(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)
(ငလျင်​ကြောင့်အုတ်တံတိုင်းပြိုကျ​နေသည်နှင့်​ရွှေဘုန်းမြင့်ဘုရာ ထီး​​တော် တိမ်း​စောင်သွားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-NLA ၊ CJ)

ငလျင်သည် မြေအနက် ၁၆ ကီလိုမီတာ(၁၀ မိုင်ခန့်)တွင် ဗဟိုပြလှုပ်ရှားခဲ့သည်ဟု USGS က ထုတ်ပြန်ထားသည်။ ​မြေအနက် ၁၀ မိုင်​အောက် လှုပ်ခတ်ပါက ​ဇောက်တိမ်ငလျင်ဟုသတ်မှတ်ပြီး ​မြေအနက် ၁၀ မိုင်​ကျော်လျှင်ဇောက်နက်ငလျင်ဟုသတ်မှတ်သည်။ ​ဇောင်တိမ် ငလျင်မှာဖျက်အားပိြကြီးသည်။

ရန်ကုန်မြို့တွင်လည်း ငလျင်လှုပ်ရှားမှု သိသိသာသာခံစားခဲ့ရပြီး နောက်ဆက်တွဲငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့သည်ဟုရန်ကုန် မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဟုမ္မလင်းမြို့နယ်ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိ​မြေငလျင်လှုပ်

သတင်း

မအူပင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နံနက် နံနက်အစောပိုင်းကအင်အားအသင့်အတင့်ရှိ​သော ရစ်ခ်ျတာစကေး ၅ဒဿမ၁အဆင့်ရှိ​မြေငလျင်လှုပ်ပြီး၊ နောက်ဆက်တွဲငလျင်ငယ် ​လေးကြိမ်ထက်မနည်းလှုပ်ခဲ့ကာ ငလျင်​ကြောင့် ဘာသာရေးအဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်။

သတင်း

ရန်ကုန်မြို့အနီး ငလျင်အန္တရာယ်ခြိမ်းခြောက်မှုပိုများ လာပြီး ယနေ့ နံနက်အစောပိုင်း၌ မအူပင်မြို့တွင် လုပ်သော ရစ်ခ်ျတာစကေး ၅ဒဿမ၁ ငလျင် ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ မြို့အများ အပြား ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်။

သတင်း

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။