Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကာဂျစ္စတန် နယ်စပ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်၊ ထိခိုက်သေဆုံးမှု အခြေအနေတွေ မသိရသေး

ဒီဇင်ဘာလတုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ကန်ဆုမှာ ဒေသခံ ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

တရုတ် ကာဂျစ္စတန် နယ်စပ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်၊ ထိခိုက်သေဆုံးမှု အခြေအနေတွေ မသိရသေး
တရုတ် ကာဂျစ္စတန် နယ်စပ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်၊ ထိခိုက်သေဆုံးမှု အခြေအနေတွေ မသိရသေး

တရုတ်နဲ့ ကာဂျစ္စတန် နိုင်ငံတွေကြား တောင်ထူထပ်ရာ နယ်စပ်မှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ထိခိုက်မှု အခြေအနေတွေနဲ့ သေကြေ ဒဏ်ရာရမှု စာရင်းတွေကိုတော့ လတ်တလော မကြားရသေးပါဘူး။

ငလျင် လှုပ်ခတ်ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်ငယ်တွေကိုပါ တရုတ်မှာရော၊ ကာဂျစ္စတန်မှာပါ သက်ရောက် ခံစားခဲ့ကြရပါတယ်။ ရှင်ဟွာ သတင်းဌာနရဲ့ အဆိုအရ ဒေသအာဏာပိုင်တွေဟာ ထိခိုက်မှု အဆိုးဆုံး ဖြစ်နိုင်တဲ့ ငလျင် ဗဟိုချက် နေရာဆီ ကယ်ဆယ်ရေး အဖွဲ့တစ်ခုကို ချက်ချင်း စေလွှတ်ခဲ့သလို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး မစ်ရှင်တွေ ကြီးကြီးမားမား လိုအပ်လာရင် ပါဝင်ဆောင်ရွက်ဖို့ လူအင်အား ၈၀၀ ကိုပါ အသင့်ပြင်ဆင်ထားစေတယ်လို့ သိရပါတယ်။

ငလျင်ဟာ တရုတ်အနောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်ထဲက အက်ခ်ဆူမြို့ရဲ့ အနောက်ဖက် ကီလိုမီတာ ၁၄၀ လောက် အကွာ၊ မြေအနက် ၁၃ ကီလိုမီတာကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ ငလျင် ဗဟိုချက် တဝိုက်မှာ အိမ်တချို့နဲ့ မွေးမြူရေးခြံတွေ ပြိုကျခဲ့တယ်လို့ သိရပေမယ့် ပျက်စီးမှု ပမာဏကို အတည်ပြုဖို့ ခက်ခဲနေဆဲပါ။ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် မိနစ်ပိုင်းလောက် မီးတွေပြတ်ခဲ့ပေမယ့် အခုတော့ လျှပ်စစ်မီး ပြန်ရနေပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီဟာ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ကွာဝေးပေမယ့် အဲဒီ ငလျင်ရဲ့ ပြင်းထန်တဲ့ လှုပ်ခတ်မှုဒဏ်ကို သိရှိ ခံစားခဲ့ရတယ်လို့ ဒေသခံ သတင်းဌာနတွေ ဖော်ပြပါတယ်။

အက်ခ်ဆူမြို့ ဒေသခံ တစ်ဦးကတော့ ငလျင်ကြောင့် အဆောက်အအုံတွေ ယိမ်းထိုး လှုပ်ရှားနေချိန်မှာ ဒေသခံတွေဟာ အဆောက်အအုံတွေထဲကနေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့ ရှင်ဟွာ သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ငလျင် ဗဟိုချက် တဝိုက်က ကျေးရွာတွေဟာ ရစ်ချ်တာစကေး ၅.၅ အဆင့်ထိ ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေရဲ့ ဒဏ်ကိုပါ ခံခဲ့ရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ရဲ့ အနေအထားအရ ဒေသတွင်းမှာ ထိခိုက်ပျက်စီးမှုတွေ များပြားနိုင်တယ်လို့ သတိပေးထားပါတယ်။ ကာဂျစ္စတန် အာဏာပိုင်တွေကလည်း ငလျင်ဒဏ်ကို သိရှိ ခံစားခဲ့ရတယ်လို့ ပြောပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေတွေကိုတော့ မထုတ်ပြန်သေးပါဘူး။

ကာဂျစ္စတန်ရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အယ်လ်မက်တီမှာလည်း လူတွေဟာ ငလျင်လှုပ်ခတ်ချိန်မှာ နေအိမ်တွေကနေ အသည်းအသန် ဆင်းပြေးခဲ့ကြပါတယ်။ တရုတ် နိုင်ငံ အနောက်တောင်ပိုင်းမှာ ဆိုးရွားတဲ့ မြေပြိုမှုတွေကြောင့် လူ ၅၀ ဝန်းကျင်လောက် အပျက်အစီးတွေအောက် ပိတ်မိနေတဲ့ အချိန်မှာ အခုလို ငလျင်ကိစ္စပါ ထပ်ကြုံလာတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက် လူပေါင်း ၁၄၈ ဦး သေဆုံးပြီး ကန်ဆုမှာ ဒေသခံ ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။