Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ မိသားစုတစ်ခု ထိမှန်ပြီး ကလေးငယ် တစ်ဦးသေ၊ ၂ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှု လေကြောင်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)
(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)

▪︎စာသင်ကျောင်းများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ ကလေးငယ်များ ကျောင်းပိတ်ထားရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ မိသားစုတစ်ခုထိမှန်ပြီး ကလေးငယ်တစ်ဦး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကော့ကရိတ်စစ်ရှောင်ကူညီရေးတာဝန်ရှိသူကပြောသည်။

လှိုင်၀ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ယနေ့ ဇွန်လ ၇ရက် နံနက် ၉နာရီခွဲတွင် ကော့ကရိတ်တောင်ပိုင်း ရွာတန်းရှည်ကျေးရွာရှိ နေအိမ်တစ်လုံးရှေ့သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ခဲ့သည်ဟုကော့ကရိတ်စစ်ရှောင်ကူညီရေးတာဝန်ရှိသူက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုမှရိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)
(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)

“ထိတာက ကံဆိုးတာက အသက် ၁၂နှစ်ယောက်ျားလေးက ရင်ဘက်တည့်တည့်ထိပြီး အစမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်။ မိခင်က နားထင်မှာလည်း သွေးယိုတယ်။ ပေါင်မှာလည်း အစတွေကျန်တယ်။ အသက်လေးနှစ်ကလေးတစ်ယောက်ကလည်းပါးစပ်နားကိုထိပြီး ပြဲသွားတယ်”ဟု ထိခိုက်ဒဏ်ရာရသူမိသားစုကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သည့် စစ်ရှောင်ကူညီရေးတာဝန်ရှိသူက ပြောသည်။

(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)
(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)

ယင်းဖြစ်ရပ်အပေါ် KNUက ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ၁၂ လက်အောက်ခံ လှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးပစ်ခတ်ခဲ့ရာ ရွာတန်းရှည်ရွာသို့ကျရောက်ပြီး အသက် ၄၃နှစ်အရွယ် အမျိုးသမီး စိုးရိမ်ရသည့် ဒဏ်ရာရရှိကာ သားဖြစ်သူ ၁၂နှစ်အရွယ် ကလေးငယ် သေဆုံးပြီး သမီးဖြစ်သူ ၄နှစ် ကလေးငယ် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူလူထုများမှာ နေ့စဥ်နှင့်အမျှ အသက်ဆုံးရှုံး နေကြရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးနေကြရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)
(စစ်​ကောင်စီလက်နက်ကြီးထိမှန်ပျက်စီးခဲ့​သော လူ​နေအိမ်နှင့် ​ကျောင်းအ​ဆောက်အအုံ။ဓါတ်ပုံ-KNU)

“တိုက်ပွဲမဖြစ်ဘဲ အဲဒီလိုမျိုးပစ်တာတွေက ရန်သူကို ပစ်မှတ်မထားဘဲ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ သဘောရှိတာပေါ့။ တစ်ခုက မိုးရာသီ အချိန်ကာလက လယ်ထွန်လယ်လုပ်နဲ့ ကျောင်းနေမယ့် ကလေးသူငယ်လေးတွေရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆံဖလားကျောင်းကို လာရောက်ပြီးတော့ လေယာဉ်နဲ့ဗုံးကြဲတဲ့ ကိစ္စတွေက စာသင်ကျောင်းကို ဦးတည်ပြီး ပစ်နေတာက ကလေးသူငယ်တွေ စာသင်ဖို့အတွက် အင်မတန်မှ အနှောက်အယှက် အခက်အခဲဖြစ်တယ်။ အဲဒါတွေက သူတို့ ရည်ရွယ်ချက်နဲ့လုပ်နေသလား ကျနော်တို့ ပြောလို့မတက်ဘူး။ သို့သော်လည်းပဲ ပစ်မှတ်က တောက်လျှောက်က ရွာစာသင်ကျောင်းတွေပိုများတယ်။ အခုအနေအထား(ရွာတန်းရှည်ရွာသို့လက်နက်ကြီးပစ်ခတ်မှု)ကလည်းရွာစာသင်ကျောင်းနဲ့မနီးမဝေးပဲ” ဟု ကော့ကရိတ်စစ်ရှောင် ကူညီရေးတာဝန်ရှိသူက ပြောသည်။ထိုသို့ လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရာ ယခုကဲ့သို့ နေအိမ်ရှေ့ လက်နက်ကြီးကျပြီး ကလေးငယ် သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် မေလ ၂၇ရက်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကော့ကရိတ်မြို့နယ် ကြာအင်းကုန်းရွာသို့ကျရောက်ပေါက်ကွဲပြီး နေအိမ်ပျက်စီးမှုရှိခဲ့သည်။ ဇွန်လ ၆ရက်ကလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ် ဆံဖလားရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ စာသင်ကျောင်း ပျက်စီး၊ နေအိမ်ပျက်စီးမှုရှိခဲ့သည်။

စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၆)၊ တပ်မဟာ(၅)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများရှိ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှု လေကြောင်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။