Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် အရပ်သား ရှစ်ဦးထက်မနည်းကို သတ်ဖြတ်၊ လေးဦးပျောက်ဆုံးနေ

စစ်ကောင်စီတပ်များ ကျေးရွာများသို့ ဝင်ရောက်ပါက ထွက်ပြေးတိမ်းရှောင်ခြင်းမပြုဘဲ ကျန်ခဲ့သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်တွေ့ဆုံပါက သက်သာရာရမည်မဟုတ်ဟု ဒေသခံက ပြောသည်။

ကောလင်းတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် အရပ်သား ရှစ်ဦးထက်မနည်းကို သတ်ဖြတ်၊ လေးဦးပျောက်ဆုံးနေ
ကောလင်းတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ် အရပ်သား ရှစ်ဦးထက်မနည်းကို သတ်ဖြတ်၊ လေးဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ပြည်သူ ရှစ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း Kawlin Revolutionက ယမန်နေ့က အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက်အတွင်း ခံသာတိုက်နယ်အတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကောလင်းခရိုင် တပ်ရင်း(၁)နှင့် ပြောက်ကျားထိတွေ့မှု ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးခဲ့ရာအချို့မှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး အချို့မှာသတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

ထိုသို့ဖမ်းဆီးရာ၌ ကောလင်းမြို့နယ်ခံသာ တိုက်နယ်မှ ဖမ်းဆီးခံရသူ ၁၆ဦး ရှိခဲ့ပြီး ငါးဦး ပြန်လည်လွတ်မြောက်လာသည်ဟု ဆိုသည်။ ယင်း ၁၆ဦးအနက် ရှစ်ဦးသေဆုံးခဲ့သည်ကိုအတည်ပြုနိုင်ခဲ့ပြီး လေးဦးမှာ ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း Kawlin Revolutionက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူများသည် ရွှေအချို့နှင့်ငွေသား အများအပြားပါဝင်သူများဖြစ်ပြီး လက်ဗလာနှင့် ပြည်သူအချို့ကို ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖမ်းဆီးခံရသူများတွင် ချပ်ကုန်းရွာမှ နှစ်ဦး၊ အင်းယားရွာမှ တစ်ဦး၊ ဘန်ဘွေးကုန်းရွာမှ တစ်ဦး၊ မုတ်၀ရွာမှ မုဒ်၀ရွာမှ ခြောက်ဦးတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မုတ်ဝရွာသား ခြောက်ဦးမှာ တစ်စုတည်းဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်နေရာတည်းတွင် သတ်ဖြတ်ခံရကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို သစ်ဖုလှတောင်ဘက် တစ်ဆူတောင် အနီး သစ်တောအတွင်း တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဇွန်လ ၂ရက်နှင့် ၄ရက်တွင် တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကောလင်း PDFက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

” သူတို့(စစ်ကောင်စီ)ဘက်က နည်းနည်းကျတယ်လို့ ကြားတယ်။ အသေအချာတော့ မပြောတက်ဘူး။ ဖမ်းခံရတဲ့သူတွေ အသက်ဆုံးရှုံးသွားတဲ့ဟာလည်းကြားတယ်။ ပြန်လွတ်လာတဲ့သူလည်းရှိတယ်ပြောတယ်။ အရင်တုန်းကလည်း အရပ်သားတွေကို ဖမ်းဆီးသတ်သွားတာမျိုးရှိခဲ့တယ်။ ကျနော်တို့နဲ့ အလုပ်အတူတူလုပ်တဲ့ အကိုတွေဆို သေသလားရှင်သလားတောင်မကြားရဘူး။”ဟု ကောလင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များ ကျေးရွာများသို့ ဝင်ရောက်ပါက ထွက်ပြေးတိမ်းရှောင်ခြင်းမပြုဘဲ ကျန်ခဲ့သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်တွေ့ဆုံပါက သက်သာရာရမည်မဟုတ်ဟု ဒေသခံက ပြောသည်။

“အတွေ့ခံရင်တော့ ဖမ်းရင်ဖမ်း မဖမ်းရင်သေ ဒါပဲ။ အဲဒီလိုဖြစ်နေတာ။ ဒါကတစ်နိုင်ငံလုံး ကျနော်တို့နိုင်င်ငံခံစားနေရတာ။ ဒါကိုပဲ ကျနော်တို့ဘက်က တက်နိုင်သမျှ ဆန့်ကျင်ရမှာပါ”ဟု ကောလင်းဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။