Connect with us

Hi, what are you looking for?

သတင်း

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံးကို ရန်ကုန်မြို့၌ ပျူစောထီးများ သတ်ဖြတ်

အထက်ပါသတ်ဖြတ်ခံမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ဦးသန်းမြင့်၏ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် မဂ်ဖိရာသ်ကင်းလွတ်ခွင့်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

(ဦး​အောင်​ကျော်မိုး၏အစ်ကိုအကြီးဆုံး အသတ်ခံခဲ့ရ​သော​နေရာ ။ဓါတ်ပုံ-CJ)
(ဦး​အောင်​ကျော်မိုး၏အစ်ကိုအကြီးဆုံး အသတ်ခံခဲ့ရ​သော​နေရာ ။ဓါတ်ပုံ-CJ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံးကို ပျူစောထီးများက ဇွန်လ ၇ ရက် ည ၁၁ နာရီခန့်တွင် သတ်ဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဦးအောင်ကျော်မိုး၏ အစ်ကိုအကြီးဆုံး အသက် ၄၅ နှစ်အရွယ် ဦးသန်းမြင့်(ခ)Sayedul Anwar ကို ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးဗလီအနီးတွင် ပျူစောထီးများက ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးသန်းမြင့်မှာ ဓားဒဏ်ရာ ၅ ချက်အပါအဝင် အခြားဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်မိုးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဒီလိုလူစည်ကားတဲ့နေရာမှာ ရက်စက်စက်သတ်တာက အင်မတန်လူမဆန်တဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟု ဦး​အောင်​ကျော်မိုးက People’s Spring သို့ပြောသည်။

အထက်ပါသတ်ဖြတ်ခံမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ဦးသန်းမြင့်၏ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် မဂ်ဖိရာသ်ကင်းလွတ်ခွင့်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၆ ရက် ညပိုင်းကလည်း အမျိုးသားရေးအစွန်းရောက်၊ စစ်တပ်ထောက်ခံသူ ၊အမျိုးသား​ရေးအစွန်း​ရောက်အဖွဲ့ မဘသအဖွဲ့ဝင်လီလီနိုင်ကျော် ပစ်သတ်ခံရမှုတွင် ကျူးလွန်ခဲ့သူများဟုဆိုကာစွပ်စွဲဖမ်းဆီးထားရသော ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့် ၏ မိခင်နှင့် အစ်မဖြစ်သူတို့ကို ပျူစောထီးများက နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်ခဲ့သည်။

ယင်းသို့ ပျူစောထီးများ၏ သတ်ဖြတ်မှုများကို အာဏာသိမ်းစစ်ကောင်စီက အရေးယူဖမ်းဆီးခြင်းမရှိဘဲအမျိုးသားရေးအစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူအမာခံများ သတ်ဖြတ်ခံရပါက ၎င်းတို့ သံသယရှိသူများ အထူးသဖြင့် လူငယ်များကို နာရီပိုင်းအတွင်း ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိကြောင်း ပြည်သူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။