Connect with us

Hi, what are you looking for?

သတင်း

သထုံတွင် ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် အမတ(၄၀၂) အမြောက်တပ်မှ တပ်ရင်းမှူး ဒဏ်ရာရဟု KNLA တပ်မှူးပြော

စစ်ကောင်စီတပ်များက ပြည်သူလူထုများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)
(ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စိတပ်သားများအား ၂၀၂၂က တွေ့ရစဥ်။ ဓာတ်ပုံ - Thoo Lei News)

▪︎သထုံနှင့်ကျိုက်ထိုတွင် စစ်ကောင်စီတပ်က လမ်းများဖျက်ဆီးပြီး ခံစစ်အတွက် ပြင်ဆင်နေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အမှတ် (၄၀၂) အမြောက်တပ်မှ စစ်ကောင်စီတပ်ရင်းမှူး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးက ယနေ့ ပြောသည်။

ဇွန်လ ၇ ရက်က KNLAနှင့် PDFပူးပေါင်းတပ်ဖွဲ့များက သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြေပြင်တပ်ဖွဲ့ဝင်များ၊ ဒရုန်းတပ်ဖွဲ့များပူးပေါင်းတပ်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး ဒဏ်ရာရသူများထဲ၌ အမတ(၄၀၂)မှ တပ်ရင်းမှူး ပါဝင်သည်ဟု ဆိုသည်။

“၄၀၂ သထုံက တပ်ရင်းမှူးထိသွားတယ်။ ဒါပေမဲ့ ဒဏ်ရာနဲ့ လေယာဉ်ပျံ(ရဟတ်ယာဉ်)နဲ့လာပြီးတော့ သယ်သွားတယ်”ဟု KNLA တပ်မှူးက ပြောသည်။

စစ်ကောင်စီတပ်များက ပြည်သူလူထုများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၉ရက်) ညပိုင်းကလည်း ဝီယော်စခန်းအနီးရှိ လမ်းပိုင်းကို ဖျက်ဆီးခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

“ဆက်သွယ်ရေးလမ်းကြောင်းတွေ သူတို့ ကိုယ်တိုင် ပြန်ဖျက်နေတာ။ ဘယ်လိုအခြေအနေကြောင့်လဲဆိုတော့ ဒီနားမှာ ကုန်စည်သွားလာရေး၊ ပြည်သူတွေရဲ့ ရိက္ခာသယ်ယူတာတို့ ကုန်စည်သယ်ယူတာတို့ကို ဖြတ်တောက်ချင်တဲ့သဘောပေါ့။ နောက်ပြီး အသွားအလာကို ဖြတ်တောက်တဲ့သဘော။အဲဒီလို သဘောမျိုးနဲ့လုပ်မှာပေါ့။ သူတို့ အဲဒီ ဒေသမှာ လမ်းဖျက်ပြီးတော့ သထုံကနေ ရန်ကုန် -မော်လမြိုင်ကားလမ်းတလျှောက်လုံးကို သူတို့တွေ ခံစစ်အနေနဲ့ အဲဒါကို ထားဖို့ စီစဉ်တဲ့သဘောပေါ့”ဟု KNLA တပ်မှူးက ပြောသည်။

မကြာသေးမီကလည်း စစ်ကောင်စီတပ်သည် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်နှင့် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တို့တွင် လမ်းများကိုဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

“ကျိုက်ထိုမြို့နယ်မှာလည်း လုပ်နေတယ်။ အခုက ဒီဘက် သထုံမြို့နယ်ကို ပြန်ပြီးလုပ်နေတာ။ အခုက စပြီးလုပ်နေတာသိရတယ်။ ခံစစ်အနေနဲ့ ပြန်ပြီး အထိုင်ချဖို့ ရည်ရွယ်တဲ့ သဘောလို့မြင်တယ်။ ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေတွေမှာ သူတို့တွေ အင်အားထိုးဖို့ဆိုတာက သူတို့ဆီမှာ သိပ်မရှိတော့ဘူးဆိုတာ သေချာတာပေါ့။ဘယ်လိုပဲ ပြောပြော ကျနော်တို့ ဒီဘက်ကတော့ လုပ်စရာရှိတာ ဆက်ပြီးလုပ်နေမှာပဲ” ဟု KNLA တပ်မှူးက ပြောသည်။

ယခုဇွန်လတွင် KNLAနှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်စွဲရာ နေရာများကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု