Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေ

မေလ ၂၇ ရက်ကစ၍ နှစ်ပတ်အတွင်း(ယနေ့အထိ) မိုးဗြဲ မြို့နေ ဒေသခံပြည်သူအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးထားကာ အသက်မပြည့်သေးသည့်ကလေးငယ် သုံးဦးပါဝင်သည်။

(မိုးဗြဲ PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(မိုးဗြဲ PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

▪️ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံး

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့နှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဟု ဆိုသည်။

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီး အလုံး (၁၀၀)ကျော် ပစ်ကူပေးခဲ့ကြောင်းလည်း MBPDFက အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မိုးဗြဲ မြို့ပေါ်က စကစ တပ်စွဲထားတဲ့နေရာတွေကို ဝင်တိုက်တာ မနက်အစော ကတည်းက နေ့လည် ကျော်လောက်မှ ပြီးတာ”ဟု မိုးဗြဲမြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်စဥ်် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော် တစ် ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) မှ ရဲ့ဘော်နှစ်ဦး နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ရသည်။ထို့အပြင် ရဲဘော် သုံးဦးဒဏ်ရာရရှိကာ စနစ်တကျ ဆေးကုသခံယူနေသည်။

မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့်တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ရန် ၊မိုးဗြဲ – ပီကင်းလမ်းကိုဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် MBPDF က သတိပေးသည်။

မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် အင်အား ၄၀၀ ခန့်ဖြင့် စည်ကား (၂)ရပ်ကွက်၌ တပ်စွဲထားသည်။

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့် စည်ကား (၂)ရပ်ကွက်၌ အရပ်သားပြည်သူ ငါးဦး ကို အကြောင်းမဲ့ ပစ်သတ်ထားပြီး ထိုအနက် မိန်း ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားများက အဓမ္မပြုကျင့်ခဲ့သည်။

မေလ ၂၇ ရက်ကစ၍ နှစ်ပတ်အတွင်း(ယနေ့အထိ) မိုးဗြဲ မြို့နေ ဒေသခံပြည်သူအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးထားကာ အသက်မပြည့်သေးသည့်ကလေးငယ် သုံးဦးပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။