Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်ကြီးရဲစခန်းစီးနင်းတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီတပ်က ၆ ရက်ဆက်တိုက်ရွာများကိုမီးရှို့

ဇွန်လ၉ရက် ညနေပိုင်းတွင်စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား PDFများက စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီဘက်မှ ၁၂ ဦး​သေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများစွာကို PDFများကသိမ်းဆည်းရရှိခဲ့သည်။

(​​ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိ​ကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ​ပျက်စီးမှုများကို​တွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)
(​​ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိ​ကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ​ပျက်စီးမှုများကို​တွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ၊​ညောင်ပင်ကြီရဲစခန်း ၊စခန်းသိမ်းတိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီတပ်က ၆ ရက်ဆက်ဆက်တိုက်ရွာများကို မီးရှို့ဖျက်ဆီး အကြမ်းဖက်​နေ​ကြောင်း​ဒေသခံများက ​ပြောသည်။

ကျေးရွာလေးရွာရှိ နေအိမ်ပေါင်း ၃၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ၃ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ၉ရက် ညနေပိုင်းတွင်စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား PDFများက စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီဘက်မှ ၁၂ ဦး​သေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများစွာကို PDFများကသိမ်းဆည်းရရှိခဲ့သည်။

(​​ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိ​ကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ​ပျက်စီးမှုများကို​တွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)
(​​ညောင်ပင်ကြီးရွာနှင့်အနီးဝန်းကျင်ရှိ​ကျေးရွာများ စစ်တပ်ကမီးရှို့သဖြင့် ​ပျက်စီးမှုများကို​တွေ့ရစဥ်။ ဓာတ်ပုံ-Aung Khant Zaw)

မုံရွာမြို့ နမခ (အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်) အနီးရှိ ​ကျေးရွာမှ ရဲစခန်း စီးနင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်အုပ်စုက လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။ထိုအပြင် အနီးရှိ စစ်တပ်အထိုင်ချရာစခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရဲစခန်းစီးနင်းတိုက်ခိုက်ခံရ​သော​ကြောင့် စစ်ကောင်စီတပ်က ​ဇွန် ၉ ရက်ညမှာပင် ​ညောင်ပင်ကြီးရွာကို မီးစတင်ရှို့ခဲ့ပြီး ယနေ့( ဇွန်လ၁၄)အထိ ၆ ရက်ဆက်တိုက်မီးရှို့မှုကြောင့်​​ဒေသခံပြည်သူများ၏​နေအိမ် ရာချီမီး​လောင်ပြာကျခဲ့သည်။

Public Service Announcement
Public Service Announcement

မီးရှို့ခံရ​သောရွာများမှာ ​ညောင်ပင်ကြီးရွာ၊ ရွာရှည်ရွာ၊ ထန်းတောရွာ၊ သိမ်တော်ရွာနှင့် အမှတ်၃၊ အမှတ်၄ရပ်ကွက်တို့မှ နေအိမ်ပေါင်း ၃၀၀ ​ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခန့်မှန်းခြေ ၂၅၀၊ ၃၀ဝ လောက်ရှိမယ်။ စစ်တပ်ရှိသေးတယ်။ ရှောင်နေရတုန်းပဲ။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ဇွန် ၁၂ ရက်တွင် People’s Spring သတင်းဌာနသို့​ပြောသည်။

အလားတူစစ်ကောင်စီတပ်သည် ဇွန် ၁၃ ရက်တွင် ထန်းတောရွာ ၊ဇတ်ဆိပ်ဘက်၌လည်းကောင်း၊ ယနေ့ (ဇွန်လ ၁၄)နံနက်ပိုင်းတွင် သိမ်တော်ရွာ၊နှင်း​တောရွာတို့ကိုလည်းကောင်း ဆက်လက်မီးရှို့ဖျက်ဆီးနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းကော်မတီက အသိပေးထားသည်။

ထို့အပြင် စစ်​ကောင်စီတပ်သည် ဇွန် ၁၄ ရက်နံနက်ကထန်းတောကြီးရွာထဲသို့ ၄၀ မမ များနှင့်ပစ်ခတ်အကြမ်းဖက်​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

စစ်တပ်က စစ်​ကြောင်းထိုး၍ အကြမ်းဖက်ပစ်ခတ် မီးရှို့ မှုများ​ကြောင့် ​ဒေသခံပြည်သူ​သောင်းချီထွက်​ပြေး​နေရပြီး ​နေအိမ်များစိူ့မပြန်နိုင်​သေးသဖြင့် ၆ ရက်ဆက် မီးရှို့ဖျက်ဆီးမှုတွင် ​နေအိမ်မည်မျှ မီး​လောင်ဆုံးရှုံး​နေပြီကိုမသိရ​သေး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ဖက်ဆစ်တပ်က ​ညောင်ပင်ကြီးရဲစခန်းအသိမ်းခံလိုက်ရလို့ပြည်သူ​တွေကို ဒုက္ခ​ရောက်​အောင် မီးပတ်ရှို့​နေတာ ။သူတို့စခန်း​တွေအတိုက်ခံရရင် ရွာ​တွေကို အဲလိုမီးရှိူ့တယ်ဆိုပြီးPDF နဲ့ ​ဒေသခံပြည်သူ​တွေကို ရန်တိုက်​ပေး​နေတာ။သူတို့မသိတာက PDF ​တွေကတစ်ကယ်သာတိုက် ဖက်ဆစ်တပ်များများ​သေ​လေ ပြည်သူ​တွေက ဝမ်းသာ​လေပဲ။ဖက်ဆစ်တပ်ပြုတ်မှ ဒုက္ခ​​​တွေမရှိ​တော့မှာမို့ အခုစခန်းက မုံရွာနဲ့နီးနီး​လေးကို PDF ​တွေကတိုက်သွားတာမိုက်တယ်” ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်တပ်က​ စခန်းစီးနင်းခံရစဥ် လေ​ကြောင်းမှတိုက်ခိုက်သဖြင့်တွင် PDF ရဲဘော်တစ်ဦး ကျဆုံးသည်။စစ်တပ်က ရမ်းသန်းပစ်ခတ်မှုများ​ကြောင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီးဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု​ဒေသခံများက​ပြောသည်။

ထို့အပြင်ဖမ်းဆီးခံထားရသည့် ဆားလင်းပအဖအဖွဲ့ဝင် ကိုဗန့်ကျီ(ခ)ကိုမြတ်သူလင်းကိုလည်း စစ်အုပ်စုက ​မေလကုန်ပိုင်းတွင်ဖမ်းဆီးခဲ့ပြီးနောက်သတ်ဖြတ်ကာ ထန်းတောရွာ သစ်ကွင်းအနီးတွင် ဇွန် ၁၁ ရက်ကအလောင်းအားပစ်ထားခဲ့သည်။ စစ်တပ်ကကိုဗန့်ကျီအလောင်း အနီးတွင် မိုင်းများ​ထောင်ခဲ့၍ အ​လောင်းသွားကောက်စဥ် စစ်သားများ ထောင်ထားသည့်နင်းမိုင်းကြောင့် ရဲဘော်တစ်ဦးခြေထောက်မိုင်းထိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

သတင်း

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။