Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးလေးဦးထိမှန်ဒဏ်ရာရ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။

ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံ အမျိုးသမီးလေးဦး ထိမှန်ခဲ့ပြီး နှစ်ဦး စိုးရိမ်ရကြောင်း ရေစကြိုနယ်ခံများက ပြောသည်။

ယမန်နေ့ ဇွန် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ညောင်စောက်ရွာအနီးမှ စစ်ကောင်စီတပ်သည် တောရွာနှင့် သမန္တပို့ကျေးရွာဘက်ကို လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် တောရွာနေ အသက် (၄၅) နှစ်အရွယ် ဒေါ်ကြူမွှေး၊ အသက်(၄၈)နှစ်အရွယ် ဒေါ်ချိုမြင့်၊ မစန်းနုနှင့် သမန္တပို့ရွာမှအသက်(၇၀) အရွယ် ဒေါ်တင်စန်းတို့ ဒဏ်ရာများရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း ရေစကြိုဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“အိမ် ငါးလုံး ခေါင်မိုး ပျက်စီးတာတွေတော့ရှိပါတယ်။ တောရွာက တစ်ဦးစိုးရိမ်ရပါတယ်။ သမန္တပို့ရွာက အသက်(၇၀)ကျော် အဘွားအိုတစ်ဦးလည်း ထိခိုက်ပါတယ်။ သူကတော့မစိုးရိမ်ရပါဘူး​”ဟု ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။