Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်တွင် မုန်တိုင်းသင့်အိမ်ထောင်စုများ၏ ၃၀ ရာ ခိုင်နှုန်းသာ အကူအညီရရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်အကူအညီလိုအပ်နေဆဲဟု ERRCA အသိပေး

ရခိုင်ပြည်နယ်သို့ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ၁ လပြည့်မြောက်သည့် ဇွန် ၁၄ ရက်တွင် ERRC က အထက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ရခိုင်တွင် မုန်တိုင်းသင့်အိမ်ထောင်စုများ၏ ၃၀ ရာ ခိုင်နှုန်းသာ အကူအညီရရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်အကူအညီလိုအပ်နေဆဲဟု ERRCA အသိပေး
ရခိုင်တွင် မုန်တိုင်းသင့်အိမ်ထောင်စုများ၏ ၃၀ ရာ ခိုင်နှုန်းသာ အကူအညီရရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်အကူအညီလိုအပ်နေဆဲဟု ERRCA အသိပေး

မိုခါမုန်တိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်ခဲ့ရသော ရခိုင်ပြည်နယ်တွင် လေဘေးသင့်အိမ်ထောင်စုအား လုံး၏ ၃၀ ရာခိုင်နှုန်းသာ အကူအညီများရရှိထားပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်ထောက်ပံ့မှုများလိုအပ်နေဆဲကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှဖွဲ့စည်းထားသည့် အာရက္ခအရေးပေါ်ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ERRC က အသိပေးထုတ်ပြန်သည်။

ရခိုင်ပြည်နယ်သို့ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ၁ လပြည့်မြောက်သည့် ဇွန် ၁၄ ရက်တွင် ERRC က အထက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဘေးသင့်အိမ်ထောင်စုများအား UN၊ NGOs၊ CBOs၊ CSOs များနှင့် ပုဂ္ဂလိကအလှူရှင်များ၏ကူညီမှုဖြင့် ထောက်ပံ့ခဲ့ရာ ဇွန် ၁၂ ရက်အထိ စားနပ်ရိက္ခာရရှိသောအိမ်ထောင်စု ၂၁,၁၆၄ စုရှိပြီး အရေးပေါ်အကူ အညီလိုအပ်နေသည့်အိမ်ထောင်စုနှစ်သိန်းနီးပါး (၁၉၉၆၀၉)ရှိနေသေးကြောင်း ဖော်ပြသည်။

အလားတူ အမိုးအကာထောက်ပံ့ကူညီမှုတွင်လည်း ၅၁,၉၂၄ စုထောက်ပံ့ပြီးဖြစ်ရာ အရေးပေါ်အကူအညီများလိုအပ်နေသေးသည့်အိမ်ထောင်စု ၁၆၉၂၀၆ စုရှိနေသေးသည်ဟု ERRC စာရင်းများက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လေဘေးသင့်အိမ်ထောင်စုများအတွက် အရေးပေါ်လိုအပ်သည့် အကူအညီများတွင် အမိုး အကာများအပါအဝင် တာပွန်လင်၊ ယာယီခိုလှုံရန်နေရာ၊ တဲ၊ အရေးပေါ်အသင့်သုံးနေအိမ်များလိုအပ်ကြောင်း အသိပေးသည်။

ထို့အပြင် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့၊ အရေးပေါ်အထောက်အပံ့များ၊ ဆိုလာ၊ လျှပ်စစ်မီး၊ သက်မွေးဝမ်း​ကျောင်းနှင့် ပြည်လည်ထူထောင်ရေးတို့ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ERRC က ဆိုသည်။

လက်ရှိအခြေအနေတွင် ရခိုင်လေဘေးသင့်ပြည်သူများအား အရေးပေါ်ထောက်ပံ့ရေးအစီအစဥ်များနှင့်စပ်လျဥ်းပြီး စစ်ကောင်စီက UN အပါအဝင် NGOs၊ INGOs များနှင့် ပုဂ္ဂလိကအလှူရှင်များအား ခရီးသွားလာခွင့် ပိတ်ပင်ထားရာ လိုအပ်သည့်အကူအညီများမရရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်သူများက ပြောသည်။

“စစ်ကောင်စီရဲ့ အထောက်အပံ့က တော်တော့်ကို နည်းတာ။ နယ်ကျေးရွာတွေဆို မပေးသလောက်ပဲ”ဟု ရသေ့တောင်မြို့နယ်မှ လေဘေးသင့်ပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိစစ်ကောင်စီ၏လုပ်ရပ်သည် ရခိုင်လူထုကထောက်ခံသည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ကို မည်မျှလုပ်နိုင်မည်နည်းဟု သွေးတိုးစမ်းသကဲ့သို့ ဖြစ်နေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အခုက စကစက ဒီကပ်ဘေးမှာ အေအေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်သလို UN၊ INGOs အဖွဲ့တွေကိုလည်း အေအေနဲ့ပူးပေါင်းခွင့် ပေးမှာမဟုတ်ဘူး။အခု စကစ ပါးစပ်တွေက လမ်းဘေးဖာသည်ထက် ဆိုးတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး။ အေအေရော ပြည်သူပါ ဘေးကြပ်နံကြပ်ဖြစ်မှာဘဲ။ ပြည်သူထိရင် အေအေလည်း ထိတာပဲလေ။ စကစက တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်တာ”ဟု ရခိုင်ဒေသခံသက် လတ်ပိုင်းအမျိုးသားတစ်ဦးက မှတ်ချက်ပေးသည်။

ဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများအား လွတ်လပ်စွာ ထောက်ပံ့ကူညီခွင့်မရဘဲ စစ်ကောင်းစီက တားမြစ်ပိတ်ပင်ထားခြင်းမှာ မုန်တိုင်းကိုအကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

ထိုသို့ စစ်ကောင်စီ၏ တားမြစ်မှုသည် ဖျက်အားပြင်း မုန်တိုင်းကြီးအပြီး လူသားချင်းစာနာမှု အထောက်အပံ့များ အရေးပေါ် လိုအပ်နေသည့် လူပေါင်း တစ် သန်းကျော်အတွက် ဆင့်ကဲထိုးနှက်ချက်တစ်ခု ဖြစ် လာကြောင်း နိုင်ငံတကာထောက်ပံ့ရေး အေဂျင်စီများက ဝေဖန်သည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ)အနေဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဝေရန် သဘောတူထားသည်ကို ပြန်လည် ခွင့်ပြုပေးစေလိုကြောင်း၊ သို့မှသာ အကူအညီများ အရေးတကြီးလိုအပ်နေသည့် ပြည်သူများထအထောက်အပံ့များ ပေးပို့နိုင်မှာဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ အရာရှိ ရာမာနာသန် ဘာလာကရစ်ရှ်နန်က တိုက်တွန်းထားသည်။

မိုခါသည် မေလ ၁၄ ရက် နံနက်ပိုင်းကတစ်နာရီလျှင်​လေတိုက်နှုန်း မိုင် ၁၂၀ ခန့်ဖြင့် ရခိုင် ပြည်နယ်၊ စစ်တွေမြို့ အနောက်ဖက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများ အများအပြား ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်ထဲရှိ ဖမ်းဆီးထိန်းသိမ်းခံ အထက်ပါအရပ်သားပြည်သူများ၏ အသက်အန္တရာယ်မှာ ကြီိးမားစွာခြိမ်းခြောက်ခံနေရကြောင်း HDCO က ဆိုသည်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။