Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယတွင် ခိုလှုံ့​နေ​သောမြန်မာနိုင်ငံသားများကို NUG ​မေတ္တာရပ်ခံ

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအသိပေးမေတ္တာရပ်ခံချက်ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးနိုင်ရန် မေတ္တာရပ်ခံသည်။

(စစ်အုပ်စုအာဏာသိမ်းပြီးအကြမ်းဖက်တိုက်ခိုက်မှုများ​ကြောင့် ချင်းပြည်နယ်မှ ပြည်သူအများစုမှာအိန္ဒိယနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရသည်။ဓါတ်ပုံ-CJ)
(စစ်အုပ်စုအာဏာသိမ်းပြီးအကြမ်းဖက်တိုက်ခိုက်မှုများ​ကြောင့် ချင်းပြည်နယ်မှ ပြည်သူအများစုမှာအိန္ဒိယနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြရသည်။ဓါတ်ပုံ-CJ)

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယင်းနိုင်ငံအတွင်း နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ကိစ္စရပ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ကြရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံရောက်မြန်မာများအနေဖြင့်အိန္ဒိယသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာ နှင့်နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိပါးစေသည့်ပြုမူလုပ်ဆောင်မှုများကို ရှောင်ကြဉ်ကြရန်၊ ရောက်ရှိခိုလှုံနေထိုင်နေသည့်ပြည်နယ်၏ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာအရေးအရာများတွင် မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုများ မရှိစေရေး သတိပြုနေထိုင်ကြရန် နိုင်ငံခြားရေးက မေတ္တာရပ်ခံသည်။

Public Service Announcement
Public Service Announcement

မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရိစ္ဆာန်များ တရားမဝင် ရောင်းဝယ်သယ်ဆောင်မှုပြုလုပ်ခြင်း၊ ယင်းကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းများ လုံးဝ မပြုလုပ်ကြရန်၊ ရောက်ရှိနေထိုင်နေသည့် ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူလူထုနှင့် သင့်တင့်လျောက် ပတ်စွာနေထိုင်ပေးကြပါရန်နှင့် နေထိုင်သည့် ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသော လူမှုရေး၊ ဘာသာရေး စည်းကမ်းများကိုလည်း လိုက်နာပေးကြရန် တိုက်တွန်းသည်။

ထို့အပြင် မြန်မာနိုင်ငံသားများအနေဖြင့်လူမှုရေးအခက်အခဲပြဿနာများ ကြုံတွေ့ရပါက အနီးစပ်ဆုံး မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများအား အသိပေး တိုင်ပင်ခြင်း၊ လိုအပ်ပါက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် နိုင်ငံခြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအသိပေးမေတ္တာရပ်ခံချက်ကို မိမိတို့နှင့် ဆက်စပ်ထိတွေ့နေသော စစ်ဘေးရှောင်စခန်းများနှင့် အသိုက်အဝန်းများသို့ ထပ်ဆင့်အသိပေးနိုင်ရန် မေတ္တာရပ်ခံသည်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ထွက်ပြေးခိုလှုံ၊ အလုပ်လုပ်နေကြသူများကို ယင်းနိုင်ငံများက ဖိအားပေးမှု၊ တင်းကြပ်မှုများရှိနေသည့်အပြင် ထိုနှစ်နိုင်ငံစလုံးသည် အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံနေကာ နိုင်ငံတကာမျက်နှာစာတွင် စစ်ကောင်စီ အသိအမှတ်ပြုခံရရေးအတွက် ‘Track 1.5’ အမည်ရှိ ဆွေးနွေးပွဲများကို စီစဉ်လက်ခံကျင်းပနေကြောင်း India For Myanmarမှ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုသည်။

“အခုဒီကိစ္စကလည်း အိန္ဒိယနယ်စပ်မှာ ပိုပြီး အခြေအနေကျပ်တည်းလာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို ကျွန်မတို့ ပြည်သူတွေ အားလုံး နားလည်နိုင်မယ်လို့ ထင်တယ်။ စာနာနိုင်မယ်လို့ ထင်တယ်။ ကူညီစရာရှိတာတွေ ကူညီကြဖို့ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေကော၊ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေကော။ ကျွန်မတို့ အနေနဲ့ ပြည်သူအချင်းချင်း ဖေးမကူညီတာကိုပဲ မျှော်လင့်ရတော့မယ်။ ဘာလို့လဲဆိုတော့ အစိုးရတွေကတော့ ဒုက္ခသည် မှန်သမျှကို ဝန်ထုပ်ဝန်ပိုးလို့ မြင်တယ်။ ပြီးရင် ရာဇဝတ်မှုလုပ်နိုင်ခြေရှိတဲ့ သူတွေ အဖြစ် မြင်တာပေါ့။ အိန္ဒိယပြည်သူတွေ၊ ထိုင်းပြည်သူတွေ အမြင်ပြောင်းလဲလာဖို့၊ အမြင်တိုးတက်လာဖို့ ကျွန်မတို့ ဆက်ပြီး ကြိုးစားရမှာပေါ့” ဟု ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook