Connect with us

Hi, what are you looking for?

သတင်း

ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း

ပြည်သူများ စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် “ခွန်အားဖြည့်မိငယ်” သီချင်းကို သီဆိုမည့် Singing Strike ကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း ကိုနန်းလင်း (စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု) က လည်း​ပြောသည်။

ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း
ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း

-“ခွန်အားဖြည့်မိငယ် သီချင်းလေး ညည်းရင်း ပန်းတစ်ပွင့်နဲ့စစ်အာဏာရှင်ကို အံတုပြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်”-ကိုနန်းလင်း

လာမည့် ဇွန်လ ၁၉ ရက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့တွင် ပြုလုပ်မည့် ပြည်လုံးကျွတ်ပန်းသပိတ်တွင် ပြည်သူများအနေဖြင့် တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန်သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက တိုက်တွန်းသည်။

“လာမယ့် ဇွန် ၁၉ နေ့မှာ မိုးလင်းကနေမိုးချုပ်တတ်စွမ်းတဲ့ ပုံစံ၊ ထိုးတွင်းကြံဆတဲ့ မတူဆန်းပြားတဲ့ နည်းနာတွေနဲ့ ပါဝင်ဆင်နွှဲလို့ရပါတယ်။ ဥပမာ ကိုယ့်အိမ်တွင်းမှာ ဘုရားပန်းအိုး အသစ်ပူဇော်ဆပ်ကပ်တာ၊စားပွဲတင်ပန်းအိုး အသစ်လဲတာတွေလည်း လုပ်လို့ရတယ်။ ကိုယ့်နေ့စဉ် အလုပ်ခွင်သွားတဲ့အချိန်မှာ ပန်းလေးတွေ ပန်တာ၊ ပန်းလေးတွေ ရင်ဘတ်မှာ ထိုးတာ၊ ပန်းအသုံးအဆောင်တွေ သုံးစွဲကြတာ အစုံပါပဲ လုပ်လို့ရပါတယ်။ဒီလိုဖော်ဆောင်တဲ့အခါမှာအဓိကကတော့ လုံခြုံရေးအသိ၊လုံခြုံရေးသတိကတော့အင်မတန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ကြီးပြကြီးတွေမှာ ဆိုရင် စစ်တပ်ကလည်းပဲ ဖိနှိပ်ဖို့ အကွက်ချောင်းနေမှာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ လုံခြုံရေးကိုတော့ မပေါ့ဆဖို့ အရေးကြီးပါတယ်။ ဉာဏ်နဲ့ ရှင်ပြီးတော့ ပညာသားပါပါနဲ့ ပါဝင်ဆင်နွှဲကြဖို့ လိုပါတယ်” ဟု ဒေါက်တာတေဇာဆန်းကပြောကြားသည်။

ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း
ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစားအောက်မေ့ခြင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်းတို့အားဖြင့် ပြည်လုံးကျွတ်ပန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ပြည်လုံးကျွတ်ပန်းသပိတ်ကို အွန်လိုင်း၊ Offline နှစ်မျိုးလုံး ပြုလုပ်မည် ဖြစ်ပြီး ပြည်သူများအနေဖြင့် ဘုရားပန်းအိုးအသစ်တင်ခြင်း၊ အိမ်တွင်း၊ အိမ်ပြင်နှင့် အိမ်ရှေ့တိုင်း၌ ပန်းများထိုးခြင်း၊ ပန်းအလှ ချိတ်ဆွဲပြင်ဆင်ခြင်း၊ အမျိုးသမီးများက ပန်းပန်ခြင်း၊ အမျိုးသားများက ရင်ဘတ်၌ ပန်းထိုးခြင်း တို့ဖြင့် ပူးပေါင်းပါဝင်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူများ စိတ်ဓာတ်ခွန်အား ဖြစ်စေမည့် “ခွန်အားဖြည့်မိငယ်” သီချင်းကို သီဆိုမည့် Singing Strike ကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း ကိုနန်းလင်း (စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု) က လည်း​ပြောသည်။

ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း
ပြည်လုံးကျွတ် ပန်းသပိတ်ကို တော်လှန်ရေးသတိဖြင့် ပါဝင်ဆင်နွှဲကြရန် ​ဒေါက်တာ တေဇာဆန်း တိုက်တွန်း

“ပန်းသပိတ်အပြင် Singing Strike ဆိုတဲ့ သီချင်းသပိတ် လှုပ်ရှားမှုလေးလည်း ရှိပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အင်မတန် ကြိုက်နှစ်သက်တဲ့ ခွင်အားဖြည့်မိငယ် သီချင်း ဖြစ်တယ်။ ဒီသီချင်းရဲ့ စာသားတွေကိုက အစ သီဆိုတဲ့သူ ကိုယ်တိုင်တင် မဟုတ်ဘဲ နားထောင်တဲ့သူတွေ အနေနဲ့လည်း ခွန်အားရစေပါတယ်။ ဒီလိုမျိုး သီချင်းတွေကို သီဆိုခြင်းအားဖြင့် အပြန်အလှန်စိတ်ဓာတ်ခွန်အား ရစေအောင်လို့ Singing Strike ဆိုတာလေးလည်း ဖန်တီးပါမယ်။ ကျေးလက်သပိတ်တွေမှာလည်း လူထုလှုပ်ရှားမှုတွေ လုပ်ရင်း ခွန်အားဖြည့်မိငယ် သီချင်းကို သီဆိုပြီး ပြည်သူတွေ အရှုံးမပေးဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ကြမယ်။အွန်လိုင်းမှာလည်း အနုပညာရှင်တွေ၊ လုံခြုံရေးအရ ပါဝင်လို့ အဆင်ပြေတဲ့ ပြည်သူတွေ၊ လွတ်မြောက်နယ်မြေမှာ ရောက်နေတဲ့ ရဲဘော်တွေကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အနေနဲ့ရော ပြည်သူအချင်းချင်း အားပေးတဲ့ အနေနဲ့ပါ ဒီသီချင်းကို သီဆိုပြကြမှာ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့လည်း ခွန်အားဖြည့်မိငယ် သီချင်းလေး ညည်းရင်း ပန်းတစ်ပွင့်နဲ့စစ်အာဏာရှင်ကိုအံတုပြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်” ဟု ကိုနန်းလင်းကလည်းတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။