Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်ရဲစခန်း CDF/PDF ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ သုံးလုံးကျရောက်ပေါက်ကွဲ

ဇွန်လ ၁၆ရက်တွင် ကန်ပက်လက် မြို့မရဲစခန်းကို ကန်ပက်လက် CDFနှင့် ညောင်ဦးခရိုင် တပ်ရင်း (၂) ညောင်ရမ်း တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကန်ပက်လက်မြို့ မြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်သည့် လက်နက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ကန်ပက်လပ်)
(ကန်ပက်လက်မြို့ မြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်သည့် လက်နက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ကန်ပက်လပ်)

▪️ညောင်ဦးခရိုင်တပ်ရင်း(၂)၏ နည်းပညာအကူအညီဖြင့် ရှော့တိုက်ဒုံးရော့ကတ်မား ထုတ်လုပ်ခဲ့ဟု ကန်ပက်လက် CDF တပ်မဟာမှူးပြော

ချင်းပြည်နယ် ကန်ပက်လက်မြို့ မြို့မရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း သုံးလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကန်ပက်လက်ချင်းကာကွယ်ရေးတပ်(CDF) တပ်မဟာမှူး ဆလိုင်းထွန်းလိန်းကပြောသည်။

ဇွန်လ ၁၆ရက်တွင် ကန်ပက်လက် မြို့မရဲစခန်းကို ကန်ပက်လက် CDFနှင့် ညောင်ဦးခရိုင် တပ်ရင်း (၂) ညောင်ရမ်း တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို၌ဘက်က စခန်းအတွင်းမှာ သုံးလုံးကျအောင် ပစ်နိုင်ခဲ့တာ သေချာတယ်။ ဒါပေမဲ့ စခန်းတွင်း ကျပေမယ့်လည်း ထိခိုက်သေဆုံးမှုက တိတိကျကျ သတင်းမရနိုင်သေးဘူး။ ကျနော်တို့က လက်နက်ငယ်နဲ့တော့ သွားမဝင်ဘူး။ လက်နက်ကြီးကတော့ သူတို့ဘက်ကလည်း ၁၀လုံးနဲ့ ၁၅လုံးကြားမှာ ပြန်တုံ့ပြန်တာ”ဟု ကန်ပက်လက် CDF တပ်မဟာမှူးက ပြောသည်။

ထိုသို့ တိုက်ခိုက်နိုင်ရန် ညောင်ဦးခရိုင်တပ်ရင်း (၂)နှင့် ရှော့တိုက်ဒုံးရော့ကတ်များ ထုတ်လုပ်နိုင်ရေးပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပူးပေါင်းဆောင်ရွက်မှုက ကျနော်တို့ ညောင်ဦးခရိုင် တပ်ရင်း(၂) ညောင်ရမ်းတပ်ရင်းနဲ့ ပူးပေါင်းတိုက်ခိုက်တာ။ အခု ရှေ့တိုက်ဒုံး ရော့ကတ်တွေ ကလည်း သူတို့နဲ့ ပူးပေါင်းပြီး သူတို့ နည်းပညာနဲ့ ပေါင်းစပ်ပြီးကျနော်တို့ ပူးပေါင်းပြီး ရော့ကတ်တွေက အစ ထုတ်ကြတာပေါ့”ဟု တပ်မဟာမှူးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ညောင်ဦးခရိုင် တပ်ရင်း-၂ (ညောင်ရမ်း တပ်ရင်း)နှင့်CDF-ကန်ပက်လက်သည် မဟာမိတ်များဖြစ်သည်ဟုသိရသည်။

ကန်ပက်လက် CDFသည် မင်းတပ် CDF၊ ဂန့်ဂေါခရိုင် တပ်ရင်း-၁၃(The Youth Force) ၊ ဂန့်ဂေါခရိုင် တပ်ရင်း-၈ တို့နှင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မေလ ၂၉ရက်က မင်းတပ်မြို့မှ တပ်ချိန်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးခဲ့သည်ဟု အသိပေးထားသည်။ အလားတူ မေလ ၂၅နှင့် ၂၈ရက်ကလည်း အဆိုပါ စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

လတ်တလော ကန်ပက်လက်ဒေသ အခြေအနေနှင့်ပတ်သက်၍ ဆလိုင်းထွန်းလိန်းက”သူတို့(စစ်ကောင်စီ)ဘက်က ပြည်သူ့နေအိမ်တွေ ဖျက်ဆီးတာတွေ၊ မီးရှို့တာတွေ ၊ပစ္စည်းခိုးတာတွေရှိနေတယ်။စစ်ကြောင်းတော့ငြိမ်နေတယ်။ ​ဒါပေမယ့်လည်းပဲ မြို့တွင်းမှာ တင်းမာမှုရှိနေပါတယ်” ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့