Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်နယ် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား CDF တိုက်ခိုက်

တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့် ကျင်ဒွေးနှင့် ငါးအော်ကျင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(CDF-ကန်ပက်လက်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(CDF-ကန်ပက်လက်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

▪️စစ်ကောင်စီတပ်သား နှစ်ဦးသေဟုဆို

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်က အင်အား ၇၀ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း CDF-ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

ယမန့်နေ့(ဧပြီ ၂၉ ရက်)က စစ်ကောင်စီတပ်သားများသည် ကျင်ဒွေးစခန်းမှ အင်အား ၇၀ကျော်ဖြင့် CDFထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်လာခြင်းကြောင့် နေ့လယ် ၂နာရီတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးတာပါ။လက်ရှိကတော့ ကျင်ဒွေးစခန်းထဲ ပြန်ဆုတ်သွားကြပါပီဗျ”ဟု CDF- ကန်ပက်လက်တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့် ကျင်ဒွေးနှင့် ငါးအော်ကျင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

CDF-ကန်ပက်လက်သည် ဧပြီ ၂၆ရက်ကလည်ူ ကန်လက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုပြင် ဧပြီ ၂၀ ရက်ကလည်း ကန်ပက်လက်မြို့အ.ထ.က (၁)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်ရာတွင်လည်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများတွင် CDF-ကန်ပက်လက်မှ ရဲဘော်များအထိအခိုက်မရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။