Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် ပကဖ စခန်းခွဲတစ်ခု စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး

စခန်းမစီးနင်းမီ ကာကွယ်ရေးတပ်၏ ကင်းအဖွဲ့နှင့် ၁၅မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်ကြောင်း၊ ရဲဘော် ဂျင်ဘိီး အရှင်ဖမ်းဆီးခြင်းခံရပြီး တပ်စခန်းအား စီးနင်းခြင်းခံလိုက်ရကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ရေစကြို(ပကဖ)မှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ)
(ရေစကြို(ပကဖ)မှ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ)

▪️ကားတစ်စီးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)စခန်းခွဲတစ်ခု စီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံးကာ ကားတစ်စီးနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းခံရကြောင်း ရေစကြို (ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က ရေစကြို (ပကဖ)၏ တပ်စခန်းခွဲတစ်ခုအား အင်အား ၄ဝ ခန့်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သည်။

စခန်းမစီးနင်းမီ ကာကွယ်ရေးတပ်၏ ကင်းအဖွဲ့နှင့် ၁၅မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်ရှိနိုင်ကြောင်း၊ ရဲဘော် ဂျင်ဘိီး အရှင်ဖမ်းဆီးခြင်းခံရပြီး တပ်စခန်းအား စီးနင်းခြင်းခံလိုက်ရကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖမ်းဆီးခံရသော ရဲဘော်ဂျင်ဘီး၏ ရုပ်အလောင်းအား ဇွန်လ ၁၆ ရက်က ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် တွေ့ရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က တပ်ခွဲတွေခွဲထားတော့ လက်နက်အင်အားမမျှတော့ နောက်ဆုတ်ပေးလိုက်ရတယ်။အဖမ်းခံရတဲ့ရဲဘော်က သူကင်းပြီးတဲ့အချိန် နားနေတဲ့အချိန် အဖမ်းခံလိုက်ရတာ။ အဓိကကတော့ လက်နက်မလုံလောက်တာ။ အဲဒီအချိန်မှာ ပြန်လည် ခုခံပစ်နိုင်ခဲ့ရင်၊ အနည်းဆုံးဆယ်လက်လောက်ရှိရင် ပစ်နိုင်တယ်။ ဒီကောင်တွေမတက်နိုင်ဘူး။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တပ်ခွဲစခန်းစီးနင်းခံရမှုတွင် ကားတစ်စီးနှင့်စစ်အသုံးဆောင် ဖောက်ခွဲရေးပစ္စည်းများသိမ်းဆည်းခံလိုက်ရကြောင်း ရေစကြို(ပကဖ)မှ ရဲဘော်များက ပြောသည်။

စခန်းစီးနင်းခံရချိန် ရွာငယ်ကျေးရွာနှင့် အောင်မိုးလမ်းခွဲနေရာများတွင် တပ်ဖြန့်ထားသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် အီနာဂါချပြီး (၆၀) မမများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်အား တန်ပြန်တိုက်ခိုက်မှုကြောင့် ၎င်းတို့အထိခိုက်များရှိနိုင်သည်ဟု ရေစကြို (ပကဖ)က ဆိုသည်။

“အဲဒီနေ့ကတည်းက အောင်မိုးလမ်းခွဲနားမှာ စကစတွေ ရှိနေတာ။ သွားလို့လာလို့မကောင်းဘူး။မနေ့ကထိကို ရှိနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်အား ၄၀ပါစစ်ကြောင်းသည် ပကဖ စခန်းခွဲမှ သိမ်းဆည်းသွားသော ယူနီဖောင်းများအားဝတ်ဆင်၍ PDF အယောင်ဆောင်ကာအောင်မိုးလမ်းခွဲတွင်​ ကင်းပုန်းများဝပ်နေ၍ပြည်သူများအနေဖြင့် ဂရုပြုသွားလာရန် ရေစကြို(ပကဖ)က သတိပေးထားသည်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် မေလ ၂၆ရက်မှစတင်ကာ စစ်ကောင်စီတပ်က လေးရက်ဆက် ကျေးရွာ ၂၅ရွာကို မီးရှို့ခဲ့ပြီး နေအိမ် ၆၅၆လုံး ပြာကျခဲ့ကာ ဒေသခံပြည်သူ ငါးဦးအား သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။