Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆ဦးသေဆုံးခဲ့ရကြောင်း CRPH အသိပေး

လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၉) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆ဦးသေဆုံးခဲ့ရကြောင်း CRPH အသိပေး
အာဏာသိမ်းပြီးနောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆ဦးသေဆုံးခဲ့ရကြောင်း CRPH အသိပေး

▪︎​မေ ၁၇ ရက်တွင်တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမြင့်စန်းကွယ်လွန်ခဲ့

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ​မေ ၁၉ အထိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါးအား ဖမ်းဆီးခဲ့ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦးမှာ ထောင် အတွင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရင်း အသက်ဆုံးရှံးခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကထုတ်ပြန်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် နိုင်ငံတော်၏ အာဏာအား ဥပဒေမဲ့ ချုပ်ကိုင်ထားနိုင်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အနုပညာရှင်များနှင့် ပြည်သူအများအပြားအား ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများကိုလုပ်ဆောင်ခဲ့ရာ ပြည်ထောင်စုအဆင့်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦးလည်းလည်း ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရသည်ဟု​​မေ ၁၉ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၉) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် (ပဲခူးတိုင်း၊ အုတ်ဖိုမဲဆန္ဒနယ်အမှတ် (၁) သည် ထောင်တွင်း၌ ဆေးကုသခွင့်မရှိသဖြင့် သေဆုံးခဲ့ရပြီး ဦးကျော်မျိုးမင်း (မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်အမှတ်- ၂)အား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ​ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချမှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၉) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိ၍ အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ဖော်ပြသည်။

မေလ ၁၇ရက်ကတနင်္သာရီတိုင်း လောင်းလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးမြင့်စန်းသည် စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေစဥ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၇နှစ်ရှိပြီဖြစ်သော ဦးမြင့်စန်းသည် ယခင်က တနင်္သာရီတိုင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ်များသည် တရားရင်ဆိုင်ရာတွင်လည်း ဥပဒေအကြံရယူခွင့်၊ အများပြည်သူရှေ့မှောက်တွင် ကြားနာခွင့်၊ မိသားစုနှင့်တွေ့ဆုံခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ အကြီးအကျယ် ဆုံးရှုံးရလျက်ရှိသည့်အပြင် လူမဆန်သော ညှင်းပန်းနှိပ်စက်ခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးကုသခွင့်မပေးခြင်းတို့ကို ပြုလုပ်ခံရကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောကြားသည်ဟု CRPHက ထုတ်ပြန်သည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း တို့ကိုလည်း အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၄) ဦးဖြစ်သည့် ဦးရည်မွန် (ခ) ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်နှင့် ဒေါ်ဖြူဖြူသင်းတို့အား နိုင်ငံသားအဖြစ် ရုတ်သိမ်းကြောင်း စစ်ကောင်စီဘက်က ကြေညာခဲ့ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အကျဉ်းကျခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တက်နိုင်သမျှ ပံ့ပိုးကူညီပေးလျက်ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။