Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ထီးခီးလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ၊ PDF ရဲဘော်နှစ်ဦးကျဆုံး

ဇွန် ၁၇ ရက် နေ့လယ် ၁ နာရီခန့်က ထားဝယ်-ထီးခီးလမ်းအတိုင်းနယ်မြေရှင်းလင်းရေးရောက်ရှိလာသည့် အစ်အား ၁၅၀ ခန့်ပါ စစ်တပ်ယာဥ်တန်းကို သင်္ကန်းတုန်ရွာအနီးတွင် ထား ဝယ်ခရိုင် PDF တပ် ရင်း(၁)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ၂၀၂၂ ခုနှစ်ကတိုက်ခိုက်ခံရပြီး ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ်ယာဥ်များ(ပုံဟောင်း)/ဓါတ်ပုံ- CJ)
(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ၂၀၂၂ ခုနှစ်ကတိုက်ခိုက်ခံရပြီး ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ်ယာဥ်များ(ပုံဟောင်း)/ဓါတ်ပုံ- CJ)

ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇွန် ၁၇ ရက် နေ့လယ် ၁ နာရီခန့်က ထားဝယ်-ထီးခီးလမ်းအတိုင်းနယ်မြေရှင်းလင်းရေးရောက်ရှိလာသည့် အစ်အား ၁၅၀ ခန့်ပါ စစ်တပ်ယာဥ်တန်းကို သင်္ကန်းတုန်ရွာအနီးတွင် ထား ဝယ်ခရိုင် PDF တပ် ရင်း(၁)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ စစ်တပ်ယာဥ်တန်းတွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အရာရှိယာဥ်အချို့လည်း လိုက်ပါလာပြီး PDF တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံး ၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ရင်း(၁)မှ ရဲဘော်များ ခြေကျင် စစ်ချီစဥ် ရဲဘော် PT သည်ခြေထောက်ကြွက်တက်သဖြင့် ရဲဘော်ဝီစကီအပါအဝင် အခြားရဲဘော်နှစ်ဦးနှင့် နောက်ကျကျန်ရစ်ခဲ့ရာ စစ်တပ်ရှေ့ပွိုင့်နှင့်ထိပ်တိုက်တိုးကာ အနီးကပ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သည်ဟုတာဝန်ရှိသူက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

“စစ်ခွေးစစ်ကြောင်းရှေ့ပွိုင့်ကိုတွေ့လို့ သူတို့ထပစ်တာပေါ့။ အဲအချိန်မှာ ရဲဘော် PT နဲ့ ရဲဘော်ဝီစကီက ဒီနေရာမှာတင် ပွဲချင်းပြီးကျဆုံးခဲ့ရပါတယ်။ နောက် ထပ်ရဲဘော်တစ်ဦးကတော့ ပစ်ဆုတ်ဆုတ်ရင်း ပြန်လွတ်ခဲ့ပါတယ်။ လွတ်လာတဲ့ရဲဘော်မှာလည်း 79 ကျည်စတွေမှန်ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေပါတယ်”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရခြင်းအပေါ် ထား ဝယ်ခရိုင် တပ်ရင်း(၁)အနေဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်နိုင်ရေး တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရသော ရဲဘော်နှစ်ဦးအား သူရဲကောင်းများအဖြစ်သတ်မှတ်ကြောင်း ၎င်းတပ်ရင်းက အသိပေးထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ