Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲရှိ ကမ္ဘာ့ရတနာဘဏ်ခွဲပိတ်သိမ်း

စစ်အုပ်စုနှင့်နီးစပ်ပြီး စစ်တပ်အရာရှိ​ဟောင်းအများစုကိုခန့်ထား​​သောဘဏ် ဖြစ်ပြီးစစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းဘဏ်အရာရှိစစ်သား​ဟောင်းအချို့ လုပ်ကြံခံရမှုနှင့် ဘဏ်ဓါးပြတိုက်မှု မကြာခဏဖြစ်ပွားခဲ့သည်။

(​ကမ္ဘာ့ရတနာဘဏ်​ကျောက်မဲဘဏ်ခွဲ ​ကြေညာချက်)
(​ကမ္ဘာ့ရတနာဘဏ်​ကျောက်မဲဘဏ်ခွဲ ​ကြေညာချက်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ဖွင့်လှစ်ထားသည့် ကမ္ဘာ့ရတနာဘဏ်ခွဲက ခေတ္တပိတ်သိမ်းမည်ဖြစ်၍ ငွေအပ်ထားသူများ လာရောက်ထုတ်ယူရန် အဆိုပါဘဏ်ခွဲက ကြေညာထားသည်။

ဘဏ်ခွဲကိုလာမည့် ဇူလိုင်၁ ရက်တွင် စတင်ပိတ်သိမ်းမည်ဖြစ်၍ ငွေအပ်ထားသူများသည် ဇွန် ၃၀ ရက်နောက်ဆုံးထား၍ အပ်နှံထားသည့် ငွေများ ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဟု အဆိုပါဘဏ်ကထုတ်ပြန်ထားသည်။

ထုတ်ယူရာတွင်လည်း သတ်မှတ်နှုန်းထားအတိုင်း ထုတ်ယူရမည်ဟုလည်း ဘဏ်ကထုတ်ပြန်ထားပြီး မည့်သည့်အကြောင်းဖြင့် ပိတ်သိမ်းရသည်ကိုမူ​ဖော်ပြထားခြင်းမရှိပေ။

“ငွေစုစာအုပ်ပြနိုင်မှ ငွေထုတ်လို့ရပါတယ်။ ဘဏ်အကောင့်ပိုင်ရှင်ကိုယ်တိုင်လာမှရမယ်”ဟု ငွေသွားထုတ်ခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဘဏ်လုပ်ငန်းလည်ပတ်မှုအရ ဘဏ်ခွဲများပိတ်သိမ်းခြင်းသည် လုပ်ငန်းသဘာဝဖြစ်ပြီး ပိတ်သိမ်းသည့် ဘဏ်ခွဲများရှိသလို ဘဏ်ခွဲများအသစ်ဖွင့်လှစ်ခြင်းလည်းရှိနိုင်သည်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ အရာရှိတစ်ဦးမှတ်ချက်ပေးသည်။

Public Service Announcement
Public Service Announcement

​ကျောက်မဲမြိ့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား​ကောင်းပြီး စစ်​ကောင်စီစိုးမိုးမှုအားနည်း​သော​ဒေသတစ်ခုဖြစ်သည်။

ကမ္ဘာရတနာဘဏ်ကို ၁၉၉၆ခုနှစ်တွင်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် အများပြည်သူပိုင်ဘဏ်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စစ်အစိုးရပင်ဖြစ်​သော နအဖလက်ထက်​မွေး​ရေဝန်ကြီး ဦး​မောင်​မောင်သိမ်းနှင့် စစ်တပ်ဗိုလ်ချုပ်​ဟောင်းများအဓိကပိုင်ဆိုင်​သောဘဏ်ဖြစ်သည်။လက်ရှိတွင်ဘဏ်ခွဲပေါင်း ၁၈၀ကျော်ကိုဖွင့်လှစ်ထားသည်ဟု​ကြေညာထားသည်။

စစ်အုပ်စုနှင့်နီးစပ်ပြီး စစ်တပ်အရာရှိ​ဟောင်းအများစုကိုခန့်ထား​​သောဘဏ် ဖြစ်ပြီးစစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းဘဏ်အရာရှိစစ်သား​ဟောင်းအချို့ လုပ်ကြံခံရမှုနှင့် ဘဏ်ဓါးပြတိုက်မှု မကြာခဏဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

သတင်း

တနင်္လာနေ့ ညနေပိုင်းက ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်ခံရတာပါ။

သတင်း

ယမန်နေ့က ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိ စစ်‌ကောင်စီစစ်ကြောင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ကျောက်မဲနှင့်သီပေါကြားရှိ ကျင်သီတံတားလည်း ကျိုးကျသွားပြီး အကြောင်းရင်းကိုမူ မသိရသေးကြောင်း ဒေသခံများကပြောသည်။