Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေ၌ မေလအတွင်း တိုက်ပွဲ ၃၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ၄၆ဦး သေဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှု များကြောင့် ဒူးပလာယာခရိုင်အတွင်း၌ ပြည်သူ ၃ဦးသေဆုံးခဲ့ရပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာ စစ်ကြောင်း)

▪️စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သားသုံးဦး သေဆုံးကာ အများအပြားဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်၌ မေလအတွင်း တိုက်ပွဲပေါင်း ၃၁ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းများအရအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ လက်အောက်ခံပူးပေါင်းစစ်ကြောင်းများနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြားမေလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်က ၄၆ ဦးသေဆုံးပြီး ၄၀ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း အသိပေးထားသည်။

မေလတိုက်ပွဲများ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒူးပလာယာခရိုင် မြို့နယ်အသီးသီးမှ တာဝန်ရှိ ခေါင်းဆောင်များ၏ သတင်းပေးပို့ချက် မှတ်တမ်းများအရ အာဏာသိမ်း စစ်ကောင်စီတပ်များမှ မေလအတွင်း အပြစ်မဲ့ပြည်သူလူထုများအား ပစ်မှတ်ထားတိုက်ခိုက်သော လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ်၊ လက်နက်ကြီးများဖြင့် ၁၀၂ကြိမ် ခန့်ကိုကျူးလွန်ခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှု များကြောင့် ဒူးပလာယာခရိုင်အတွင်း၌ ပြည်သူ ၃ဦးသေဆုံးခဲ့ရပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူလူထုနေအိမ်များ အပါအဝင် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ပြည်သူများ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာအသက်ရှင်နေထိုင်နေကြရကြောင်း ထုတ်ပြန်သည်။

ဒူးပလာယာခရိုင်၌ စစ်ရှောင် ၂၂,၀၀၀ကျော်ရှိပြီး စစ်ဘေးရှောင် နေရသော အပြစ်မဲ့ပြည်သူလူထုများမှာ မိုးတွင်းရာသီ ကာလ ဖြစ်နေသည့်အတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုများလုံလုံလောက်လောက်မရှိခြင်းစသည့် အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။