Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်ရှိ ညောင်ပင်ကြီးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့နေ

ယနေ့ (ဇွန်လ ၂၄ ရက်)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာကို သုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

(ညောင်ပင်ကြီးကျေးရွာအား စစ်အုပ်စုကမီးရှို့နေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ- Cj)
(ညောင်ပင်ကြီးကျေးရွာအား စစ်အုပ်စုကမီးရှို့နေသည်ကို အဝေးကမြင်တွေ့ရစဥ်။ ဓာတ်ပုံ- Cj)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ထပ်မံမီးရှို့နေပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့်နှစ်ပတ်ခန့်က ညောင်ပင်ကြီးရွာစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မကြာခဏ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ (ဇွန်လ ၂၄ ရက်)နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာကို သုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“ညောင်ပင်ကြီးဘက်မှာ သေနတ်သံတွေလည်း ကြားနေရတယ်။ ရွှေအင်းလေးရပ်ကွက်လို့ပြောတယ်။ မီးများတယ်။”ဟု ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ညောင်ပင်ကြီးစခန်းကို ဇွန်လ၉ရက် ညနေပိုင်းမှစတင်ကာ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။

ထိုနေ့မှစ၍ ညောင်ပင်ကြီးကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာများအား စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် ဆက်တိုက်မီးရှို့ခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုနှင့် စစ်ရှောင်ရင်းကျန်းမာရေးမကောင်း၍သေဆုံးသူပြည်သူ စုစုပေါင်း ၁၅ဦးအထက်ရှိနိုင်ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ခန့်မှန်းသည်။

စစ်ဘေးရှောင်အရေအတွက်များပြားနေပြီး နေ့စဥ်လူဦးရေထောင်ချီ ကျွေးမွေးနေရသဖြင့် ရိက္ခာအခက်အခဲများရှိနေသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပထမတစ်ပတ်အတွင်း နေအိမ်၃၀၀ ကျော် ပြာကျခဲ့သည်။ လက်ရှိအခြေအနေမှာ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ မီးလောင်အိမ်ခြေအရေအတွက် မသိရသေးပေ။

ထို့အပြင် ညောင်ပင်ကြီးစခန်းဝန်းကျင်မှ ကျေးရွာအများအပြားက ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာက ယခင် ရပ်ကျေးပကဖတာဝန်ခံကို မြို့နယ်ပကဖက ဖမ်းဆီးသွားတာကြောင့် ပြန်လွှတ်ဖို့ ပြည်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။