Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ချမ်းမြသာစည် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ

ဒဏ်ရာရသွားတဲ့ ရာအိမ်မှူး သားအဖကို မန္တလေးဆေးရုံပို့ ပြီး ကုသချိန် ရာအိမ်မှူးကတော့သေဆုံးသွားတယ်လို့သိရပါတယ်။

မန္တလေး ချမ်းမြသာစည် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ
မန္တလေး ချမ်းမြသာစည် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ရဲ့ အကွက် ၅၀၀ ရာအိမ်မှူး ဦးမြတ်ထူးဟာ မနေ့ ဇွန်လ ၂၃ ရက်ညပိုင်းက နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံးသွားပါတယ်။

ညပိုင်း ၉ နာရီဝန်းကျင်မှာ သားဖြစ်သူနဲ့အတူ နေအိမ်မှာရှိနေချိန် ပစ်ခတ်ခံရတာလို့ အနီးပတ်ဝန်းကျင်ဒေသခံအချို့ထံက စုံစမ်းသိရပါတယ်။

ပစ်ခတ်မှုကြောင့် ဦးမြတ်ထူးဟာ ဦးခေါင်းထိမှန်ပြီး သားဖြစ်သူ လည်း ဗိုက်ကို ထိမှန်ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသွားတဲ့ ရာအိမ်မှူး သားအဖကို မန္တလေးဆေးရုံပို့ ပြီး ကုသချိန် ရာအိမ်မှူးကတော့သေဆုံးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သားဖြစ်သူဟာ မစိုးရိမ်ရပေမယ့် ဆက်လက်ကုသမှုခံယူနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။