Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နယ်စပ်တဝိုက်မှာ အသွားအလာ မလုပ်ကြဖို့ ထိုင်းသတိပေးထား

မြန်မာဖက်ခြမ်းက မယ်စဲ့မြို့နယ်ဖက်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးတဝိုက် ဒေသခံတွေက ထိုင်းနိုင်ငံဖက်ခြမ်းကို စစ်ဘေးရှောင်နေကြရပြီး ယာယီ စခန်းနှစ်ခုမှာ ခိုလှုံနေတဲ့ ကရင်နီ ဒုက္ခသည် ၄၀၈၅ ဦး ရှိလာပြီလို့လည်း ဇွန်လ ၂၃ ရက်မှာ ထိုင်းက ထုတ်ပြန်ပါတယ်။

(ထိုင်းနယ်စပ်သို့ထွက်​ပြေးခိုလှုံ့​နေရ​သောစစ်​ဘေး​ရှောင်ပြည်သူများနှင့် ထိုင်းအစိုးရကထိုင်းပြည်သူများနယ်စပ်တွင်သွားလာခြင်းမပြုရန်သတိ့​ပေးချက်။ဓါတ်ပုံ-CJ)
(ထိုင်းနယ်စပ်သို့ထွက်​ပြေးခိုလှုံ့​နေရ​သောစစ်​ဘေး​ရှောင်ပြည်သူများနှင့် ထိုင်းအစိုးရကထိုင်းပြည်သူများနယ်စပ်တွင်သွားလာခြင်းမပြုရန်သတိ့​ပေးချက်။ဓါတ်ပုံ-CJ)

▪︎မြန်မာနယ်စပ်တိုက်ပွဲသတင်း​တွေကိုထိုင်းမီဒီယာ​တွေက ပြည်သူ​တွေအထိတ်တလန့်မဖြစ်​အောင် အကြိမ်ကြိမ်စီစစ်​ဖော်ပြဖို့ ထိုင်းအစိုးရတိုက်တွန်း

▪︎ထိုင်းနယ်စပ်တွင် မြန်မာစစ်​ဘေး​ရှောင် ၄၀၈၅ ဦးလာ​ရောက်ခိုလှုံ့​နေ

မြန်မာဖက်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ နယ်စပ်တဝိုက်ကို အသွားအလာ မလုပ်ကြဖို့ ကထိုင်းအာဏာပိုင်တွေက မဲ​ဟောင်​ဆောင်ပြည်နယ်မှာသတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

မယ်ဆရိုင်နဲ့ ခွန်ယွမ် ခရိုင်တို့လိုမြန်မာနယ်စပ်နဲ့နီးတဲ့ ဒေသတွေမှာ လုံခြုံရေး အခြေအနေ စိတ်မချရသေးတာကြောင့် အတတ်နိုင်ဆုံး အသွားအလာ မလုပ်ဖို့ ထိုင်း-မြန်မာ နယ်ခြားစောင့် ကွပ်ကဲမှုဌာနက ထိုင်းနိုင်ငံသားတွေကို အကြံပြု တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေနဲ့ ထိစပ်နေတဲ့ မြန်မာဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေ ဇွန်လ ၁၃ ရက်ကတည်းကတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

Public Service Announcement
Public Service Announcement

ထိုင်းကတော့ ပဋိပက္ခတွေမှာ ဝင်ပါမှာ မဟုတ်သလို ဘယ်ဖက်ကမှ ထိုင်းပိုင်နက်ကို အသုံးချပြီး အသာစီး ယူနိုင်အောင် ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ နောက်ပြီး ထိုင်းမီဒီယာတွေ အနေနဲ့ နယ်ခြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ဖော်ပြတဲ့အခါ သတင်းအမှားကြောင့် ပြည်သူတွေ အလွန်အကျွံ အထိတ်တလန့် မဖြစ်အောင် အကြိမ်ကြိမ် ပြန်လည် စိစစ်ဖို့လည်း နယ်ခြားစောင့် ကွပ်ကဲမှု ဌာနက တောင်းဆိုထားပါတယ်။

မြန်မာဖက်ခြမ်းက မယ်စဲ့မြို့နယ်ဖက်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးတဝိုက် ဒေသခံတွေက ထိုင်းနိုင်ငံဖက်ခြမ်းကို စစ်ဘေးရှောင်နေကြရပြီး ယာယီ စခန်းနှစ်ခုမှာ ခိုလှုံနေတဲ့ ကရင်နီ ဒုက္ခသည် ၄၀၈၅ ဦး ရှိလာပြီလို့လည်း ဇွန်လ ၂၃ ရက်မှာ ထိုင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဒုက္ခသည်တွေကိုထိုင်းအာဏာပိုင်တွေက စားနပ်ရိက္ခာ၊ သောက်ရေနဲ့ တခြား အရေးတကြီး လိုအပ်တဲ့ အကူအညီတွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ ကူညီ ပံ့ပိုးထားကြောင်း နယ်ခြားစောင့် ကွပ်ကဲမှု ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဧရိယာ တဝိုက်ဟာ ခြင်ပေါပြီး ငှက်ဖျားရောဂါ အန္တရာယ် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေတဲ့အတွက် သွေးစစ်မှုတွေ ပြုလုပ်ပေးနေပြီး လိုအပ်သလို ထိထိရောက်ရောက် ကုသနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း ထိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

မြန်မာဖက်မှာ ပဋိပက္ခတွေ အရှိန်အဟုန် အရမ်းအားကောင်းလာတဲ့အပေါ် ထိုင်းက အနီးကပ် လေ့လာ စောင့်ကြည့်နေသလို တော်ဝင်ထိုင်းစစ်တပ်ကလည်း လေကြောင်းကနေ ကင်းထောက်ပြီး အခြေအနေတွေကို အချိန်နဲ့တပြေးညီ လေ့လာနေတယ်လို့ ဆိုပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။