Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆလိုင်းတင်မောင်ဦးကဲ့သို့ စစ်ဖိနပ်အောက်ဒူးမထောက်ဘဲ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ရှေ့ဆက်ချီတက်ရန် ICNCC တိုက်တွန်း

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

(ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် (၄၅)နှစ်ပြည့်နေ့တွင် မုံရွာ လူထုသပိတ်က ၂၀၂၁ ဇွန်လ ၂၆ရက်က ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မုံရွာ လူထုသပိတ်)
(ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် (၄၅)နှစ်ပြည့်နေ့တွင် မုံရွာ လူထုသပိတ်က ၂၀၂၁ ဇွန်လ ၂၆ရက်က ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မုံရွာ လူထုသပိတ်)

▪️စစ်အာဏာရှင်စနစ်မချုပ်ငြိမ်းသရွေ့ လူထု၏ ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်များ ရလာနိုင်မည်မဟုတ်ဟု သတိပေး

စစ်အာဏာရှင်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့သည့် ချင်းတက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးကဲ့သို့ စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ရှေ့ဆက် ချီတက်ရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၂၆ရက်တွင် ကျရောက်မည့် (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အတွက် ICNCCက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးအတွက် နည်းမျိုးစုံ ဖြင့်ကျရာကဏ္ဍအသီးသီး၌ပါဝင်ဆောင် ရွက်နေကြသူများအားလုံးအနေဖြင့် ဆလိုင်းတင်မောင်ဦး၏ ပြောကြား ချက်များအား ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ချီတက်ကြပါရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ကျဆုံးခဲ့သည့် ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးက “ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟု၍ ၎င်းအား ကြိုးပေးသတ်ဖြတ်ရန်ပြင်ဆင်နေသည့် စစ်အာဏာရှင်လက်ပါးစေ များကို ပြတ်ပြတ်သားသားပြောကြားခဲ့သည့်အပြင် “ မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး” ဟုလည်း ပြောကြားခဲ့ကြောင်း ICNCCက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ချင်းလူမျိုးတက္ကသိုလ်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်အံတုသည့် လုပ်ဆောင်ချက်သည် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက်သာမက၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထားလေးစား အသိအမှတ်ပြုရန်ထိုက်တန်သည့်အရာဖြစ်ကြောင်း ICNCCက ထုတ်ပြန်ခဲ့ပြီး ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အား ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးတွင် နှစ်စဉ် ကျင်းပပြုလုပ်နိုင်ရန်တိုက်တွန်းခဲ့သည်။

မြန်မာ့တပ်မတော်အခြေပြုစစ်အာဏာရှင်စနစ်ဖြင့် စစ်အာဏာရှင်အဆက်ဆက်သည် နည်းလမ်းမျိုးစုံဖြင့် နှစ်ပေါင်း ၆၀ကျော်ကြာမျှ ချင်းပြည်အပါအဝင် တစ်နိုင်ငံလုံးကို မတရားဖိနှိပ် အုပ်ချုပ်ခဲ့ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်ပြောင်းလဲလာနိုင်ရန် ကြိုးပမ်းမှုများ အား မျက်ကွယ်ပြုကာ ၂၀၂၁ ဖေဖော်ဝါရီ၁ရက်တွင် ပြည်သူ့ထံမှအာဏာကို ထပ်မံလုယူ သိမ်းပိုက်ခဲ့ပြန်သည်သာမက စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်စေရေးကြိုးစားနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည့် အခြေအနေ မရှိကြောင်း၊ တရားမျှတမှုနှင့် လွတ်လပ်ခြင်း မရှိလျင် စစ်မှန်သည့်လုံခြုံငြိမ်းချမ်း မှုနှင့် ပြည်သူလူထု၏ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်များ မည်သည့်အချိန်တွင်မျှ ရရှိလာနိုင်မည်မဟုတ်ကြောင်း ICNCCက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။

သတင်း

ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

သတင်း

မုန်တိုင်းကြောင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)ခုအနက် တွန်းဇံမြို့မှအပ ကျန်မြို့နယ် (၈)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး မတူပီမြို့နယ်တွင် နေအိမ်အဆောက်အဦး ၉၀၀ခန့်ဖြင့် အများဆုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့ (မတ်လ ၃၀ရက်)နံနက်ပိုင်းက ခွာဖိုရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် (၆)နှစ်နှင့် (၉)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၈ဦးတွင် အမျိုးသမီး ၅ဦး ပါဝင်သည်။