Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်ရှိ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀ ပြာကျ

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ပေါင်း ၃၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၂ရက်) ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်သည် ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်စပ်ရှိ ညောင်ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ကုန်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (သြဂုတ် ၂၃ရက်) နံနက်၅နာရီခွဲခန့်တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်သည် ညောင်ကုန်းရွာမှ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားပြီး လက္ခုပင်ရွာအရှေ့ဘက်ခြမ်းရှိ တောတိုက်ဘက်၌ ရောက်ရှိနေကြောင်း၊ ကောလင်းနှင့် ကျွန်းလှမြို့နယ်စပ် ကျေးရွာများ သတိထားသွားလာကြရန် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ပင့်သာရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook