Connect with us

Hi, what are you looking for?

သတင်း

ဒေသခံ ငှက်တွေကို ကယ်ဖို့အတွက် ကြွက်တွေကို တစ်ကောင်မကျန် အပြတ်ရှင်းဖို့ နယူးဇီလန် အကောင်အထည်ဖော်

နယူးဇီလန် အစိုးရဟာ မီရာမာသာ မကဘဲ တစ်နိုင်ငံလုံးမှာ ရှိသမျှ ကြွက်တွေအပြင် ဒေသခံ ငှက်တွေကို အန္တရာယ်ပေးမယ့် တခြား သားစားသတ္တဝါတွေကိုပါ မျိုးဖြုတ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ရည်မှန်းချက်ကို ၂၀၅၀ ပြည့်နှစ် မတိုင်မီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒေသခံ ငှက်တွေကို ကယ်ဖို့အတွက် ကြွက်တွေကို တစ်ကောင်မကျန် အပြတ်ရှင်းဖို့ နယူးဇီလန် အကောင်အထည်ဖော်
ဒေသခံ ငှက်တွေကို ကယ်ဖို့အတွက် ကြွက်တွေကို တစ်ကောင်မကျန် အပြတ်ရှင်းဖို့ နယူးဇီလန် အကောင်အထည်ဖော်

ဒေသခံ ငှက်မျိုးစိတ်တွေကို ကာကွယ်ဖို့အတွက် ရှိသမျှ ကြွက်တွေကို အပြတ်ရှင်းဖို့ထိ နယူးဇီလန်က ဒေသတစ်ခုမှာ ပြင်ဆင်နေပါတယ်။

သဘာဝ သားရိုင်းတိရစ္ဆာန်တွေကို ချစ်မြတ်နိုးသူတွေဟာ ရှုခင်းသာယာ လှပတဲ့ မီရာမာ ဒေသမှာ အခုသီတင်းပတ် အစောပိုင်းက စတင်စုရုံးပြီး ခက်ခဲလှတဲ့ မစ်ရှင်အတွက် ကူညီပေးဖို့ ပြင်ဆင်နေကြပါတယ်။ Predator-Free-Miramarဆိုတဲ့ လှုပ်ရှားမှုဟာ မြို့တော် ဝယ်လင်တန်နားက ဒေသခံ ငှက်မျိုးစိတ်တွေကို ထိန်းသိမ်း ကာကွယ်ပေးထားရာ နယ်မြေမှာ ကြွက်တစ်ကောင်မှ မကျန်တဲ့ထိ အမြစ်ဖြတ် သုတ်သင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကြွက်တွေဟာ နယူးဇီလန် မျိုးရင်း ငှက်မျိုးစိတ်တွေ သိသိသာသာ လျော့ပါးလာခြင်းရဲ့ အဓိက တရားခံတွေလည်း ဖြစ်ပါတယ်။ ငှက်ဥတွေနဲ့ ငှက်ပေါက်လေးတွေ အတွက်တော့ ကြွက်တွေဟာ အကြမ်းကြုတ်ဆုံး သားစား မုဆိုးတွေလို့ သတ်မှတ်နိုင်ပါတယ်။

အခုလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ ကြွက်တွေရဲ့ အကြိုက်ဆုံး အစားအစာ တစ်မျိုးဖြစ်တဲ့ ချိစ်တွေကို အဆိပ်နဲ့ ရောပြီး ထောင်ချောက်တွေ ဖြန့်ကျက်ကြပါတယ်။ ကြွက်ထောင်ချောက်တွေကိုလည်း နေရာမှတ်သားထားပြီး ကြွက်တစ်ကောင်ကို သုတ်သင်ပြီးတာနဲ့ အသစ်ပြန်ထောင်ကြပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန် အစိုးရဟာ မီရာမာသာ မကဘဲ တစ်နိုင်ငံလုံးမှာ ရှိသမျှ ကြွက်တွေအပြင် ဒေသခံ ငှက်တွေကို အန္တရာယ်ပေးမယ့် တခြား သားစားသတ္တဝါတွေကိုပါ မျိုးဖြုတ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ရည်မှန်းချက်ကို ၂၀၅၀ ပြည့်နှစ် မတိုင်မီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ တချို့မျိုးစိတ်တွေကို ကာကွယ်ဖို့ တိရစ္ဆာန် မျိုးစိတ်တချို့ကို အစုအပြုံလိုက် သတ်ဖြတ်နေခြင်းက ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝိရောဓိတွေလည်း ဖြစ်ပေါ်စေပါတယ်။

လူသိများတဲ့ ကီဝီငှက်လိုမျိုး မျိုးစိတ်တွေဟာ နယူးဇီလန်ရဲ့ သင်္ကေတလို့ တင်စားခံရတဲ့ ဒေသခံ မျိုးစိတ်တွေ ဖြစ်ပေမယ့် ကြွက်တွေရဲ့ အန္တရာယ်ကြောင့် အရေအတွက် သိသိသာသာ လျော့ပါးလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ နယူးဇီလန်မှာ ကြွက်ပြဿနာဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း သိသိသာသာ ပိုဆိုးလာတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေနေ သတ္တဝါ တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် နယူးဇီလန်မှာ ကျင်းပနေတဲ့ ရေလွှာလျှောစီး ပြိုင်ပွဲ ဗိုလ်လုပွဲနေ့ အစီအစဉ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။