Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့တွင် ပြောကြားခဲ့သည့် ယာယီသမ္မတ၏ အမှာစကားကို ယနေ့(ဇွန်လ ၃၀ရက်) ပြည်သူလူထုသို့ပြန်လည် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော
စစ်ကောင်စီတပ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နိုင်ငံတကာတရားစီရင်မှုရရန် ကြိုးပမ်းနေဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာစစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့တွင် ပြောကြားခဲ့သည့် ယာယီသမ္မတ၏ အမှာစကားကို ယနေ့(ဇွန်လ ၃၀ရက်) ပြည်သူလူထုသို့ပြန်လည် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ဇွန်လ ၁၉ရက်တွင် ကျရောက်သည့် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုပပျောက်ရေး နိုင်ငံတကာနေ့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းပြီးနောက် ယခုနှစ် ဇွန်လ ၁၅ရက်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် (၁၁၇) ခု ဖြစ်ပွါးခဲ့ကြောင်း တိုင်ကြားချက်များ လက်ခံရရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းအနက် အတည်ပြုဖြစ်စဉ် (၅၁)ခုနှင့် အတည်ပြုရန်ခက်ခဲသည့်ဖြစ်စဉ် (၆၆)ခု ပါ၀င်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် ကျူးလွန်သည့် အမှု ၁၀၈မှုရှိကြောင်း၊ အရပ်သား အချင်းချင်း ကျူးလွန်သည့် အမှု ၉မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် တော်လှန်ရေးအင်အားစု ကျူးလွန်သည်ဟု ဖော်ပြတိုင်ကြားချက် (၁၃)မှုရှိကြောင်းလည်း အသိပေးထားသည်။

တော်လှန်ရေးကာလအတွင်း အရပ်သားများအပေါ်နှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်မှုများကိုလည်း တရားနည်းလမ်းတကျ အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်လျက် ရှိကြောင်း ဝန်ကြီးဌာနနှစ်ခုက ပူးတွဲထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။