Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲ ၄၄ ကြိမ်ပါဝင်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၁ ဦး သေဆုံးခဲ့ဟု BPLA အသိပေး

BPLA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အသိပေးရာ တိုက်ပွဲအတွင်း လေးဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ကျန်းမာ​ရေးကြောင့် သုံး ဦး ကျဆုံးပြီး လေးဦးဖမ်းဆီးခံရသည်ဟု သိရသည်။

(BPLA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-BPLA)
(BPLA တပ်ဖွဲ့ဝင်တစ်ဦးနှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-BPLA)

-“တော်လှန်ရေးကတော့ တဖြည်းဖြည်းချင်း အရှိန်ရလာပါပြီ။ ကျနော်တို့လူငယ်တွေ နောက်ပြန်မဆုတ်ဘဲ သတိကြီးကြီးနဲ့ ခြေလှမ်းကျဲကျဲလှမ်းပြီး ဆက်တက်ကြဖို့ပဲ လိုပါတယ်” – BPLA ကွပ်ကဲရေးမှူး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် တစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲ​ပေါင်း ၄၄ ကြိမ်ပါဝင်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၁ ဦး သေဆုံးခဲ့ကြောင်း ဇွန်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၁ ဧပြီ ၁၇ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော BPLA သည် ယင်းနှစ် ဒီဇင်ဘာတွင် ရှေ့တန်းစစ်မြေပြင်သို့ စတင်ရောက်ရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် အခြားသောမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ တစ်နှစ်ခွဲကာလအတွင်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force for Federal Democracy(FFD)နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများလည်း ပါဝင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“BPLA အနေနဲ့ ပြီးခဲ့တဲ့ကာလအတွင်း အခက်အခဲပေါင်းစုံ၊ ပြဿနာပေါင်းစုံကြားမှာ အတော်လေးရုန်းကန်ရှင်သန်ခဲ့ရတယ်လို့ပြောရပါမယ်။ ဒါပေမယ့် စစ်ရေးအရတော့ ကျနော်တို့လိုချင်တဲ့အခြေအနေတစ်ခုကို အပြည့်အဝမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ ရောက်လာတယ်လို့ ပြောလို့ရပါတယ်။ တော်လှန်ရေးကတော့ တဖြည်းဖြည်းချင်း အရှိန်ရလာပါပြီ။ ကျနော်တို့လူငယ်တွေ နောက်ပြန်မဆုတ်ဘဲ သတိကြီးကြီးနဲ့ ခြေလှမ်းကျဲကျဲလှမ်းပြီး ဆက်တက်ကြဖို့ပဲ လိုပါတယ်” ဟု BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။

တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်၏ခလရ(၉၇) စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးကို အရှင်ဖမ်းနိုင်ခဲ့ပြီး ၆၀ မမ လေးလက်၊ ၄၀ မမ နှစ်လက်၊ RPG နှစ်လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း ၆၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BPLA ဖော်ပြသည်။

Public Service Announcement

Public Service Announcement

BPLA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အသိပေးရာ တိုက်ပွဲအတွင်း လေးဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ကျန်းမာ​ရေးကြောင့် သုံး ဦး ကျဆုံးပြီး လေးဦးဖမ်းဆီးခံရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။