Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏တိုက်ခိုက်ရေးလေယာဉ်အား ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အထောက် အထားပြလာပါက ဆုငွေချီးမြှင့်မည်ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ၏ ၂၀၂၂ ဧပြီ ၇ရက်ထုတ်ပြန်ကြေညာချက်တွင် တင့်ကား၊ သံချပ်ကာယာဉ်များအား လုံး၀ ပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျင် တစ်စီးလျင် ဆုငွေ အမေရိကန်ဒေါ်လာ ၁သိန်း သို့မဟုတ် ကျပ်ငွေ သိန်း ၂,၀၀၀ ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။

(ကရင်နီ ပြည်နယ် ၊​ဘောလခဲမြို့နယ် ၊ ရွာသစ်မြို့နယ်ခွဲအတွင်း ဇွန် ၃၀ ရက်က ဖြစ်ပွား​သောတိုက်ပွဲတွင် ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီ အ​ပေါ့စားတိုက်​လေယာဥ်တစ်စီးကိုပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟု​ပြောသည်။ပစ်ချခံရသည်ဟု သတင်းထွက်​နေ​သော တရုတ်နိုင်ငံလုပ် K8 အမျိုးအစားတူ​​လေယာဥ်တစ်စီး။ဓါတ်ပုံ-စစ်​ကောင်စီ)
(ကရင်နီ ပြည်နယ် ၊​ဘောလခဲမြို့နယ် ၊ ရွာသစ်မြို့နယ်ခွဲအတွင်း ဇွန် ၃၀ ရက်က ဖြစ်ပွား​သောတိုက်ပွဲတွင် ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီ အ​ပေါ့စားတိုက်​လေယာဥ်တစ်စီးကိုပစ်ချဖျက်ဆီးနိုင်ခဲ့သည်ဟု​ပြောသည်။ပစ်ချခံရသည်ဟု သတင်းထွက်​နေ​သော တရုတ်နိုင်ငံလုပ် K8 အမျိုးအစားတူ​​လေယာဥ်တစ်စီး။ဓါတ်ပုံ-စစ်​ကောင်စီ)

စစ်ကောင်စီ၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ) ရဲဘော်များက ပျက်ကျအောင်ပစ်ခတ်နိုင်ခဲ့သည့် အထောက်အထားများရရှိပါက ဆုကြေးငွေပေးအပ်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယနေ့(ဇူလိုင် ၃ရက်) ကျင်းပခဲ့သည် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြီးခဲ့သည့် ဧပြီက ဟားခါးမြို့နယ် ချွန်ကျုံးရွာတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် နှစ်စီးကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ခဲ့သည့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များကို ဆုကြေးငွေအဖြစ် သံချပ်ကာယာဉ် တစ်စီးလျင်ကျပ်သိန်း ၂,၀၀၀ ဖြင့် ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၏ ၂၀၂၂ ဧပြီ ၇ရက်ထုတ်ပြန်ကြေညာချက်တွင် တင့်ကား၊ သံချပ်ကာယာဉ်များအား လုံး၀ ပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျင် တစ်စီးလျင် ဆုငွေ အမေရိကန်ဒေါ်လာ ၁သိန်း သို့မဟုတ် ကျပ်ငွေ သိန်း ၂,၀၀၀ ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။

ယင်းသို့ချီးမြှင့်မှုနှင့်ဆက်စပ်ပြီး ကရင်နီဒေသ၊​ဘောလခဲမြို့နယ် ၊ရွာသစ် မြို့နယ်ခွဲအတွင်းတိုက်ပွဲတွင် ဇွန် ၃၀ရက်ကစစ်ကောင်စီ လေယာဉ်ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့သည့် ကရင်နီရဲဘော်များအား ဆုကြေးငွေ ပေးအပ်ရန်ရှိ၊မရှိ မေးမြန်းချက်အပေါ် ဦးနေဘုန်းလတ်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အဲဒါက ပစ်ချတဲ့အဖွဲ့က အထောက်အထားနဲ့တကွ ဖြစ်စဉ်နဲ့တကွပေါ့နော် တင်ဖို့လိုတယ်။ ဒီအတိုင်း သတင်းကြားရုံနဲ့တော့ ပေးလို့မရဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာ စိစစ်ရေးအဖွဲ့ဆိုပြီး ကျနော်တို့က ဖွဲ့ပြီး သူတို့တင်ပြတဲ့ အချက်အလက်တွေ ဗွီဒီယိုဖိုင်တွေလည်းပါတယ် နောက်ပြီး ဓာတ်ပုံတွေလည်းပါတယ်။ နောက်ဖြစ်စဉ်တွေလည်း ပါတယ်။ အဲဒီလိုမျိုး အပေါ်မှာ မူတည်ပြီး တကယ် လုံး၀ သုံးစားမရအောင် တကယ်ဖျက်ဆီးလိုက်နိုင်တယ်ဆိုမှ ပေးတာပေါ့။ အခုဟာလည်း အထောက်အထားတွေနဲ့ ခုနကလိုမျိုး အထောက်အထားတွေနဲ့ တင်ပြလာရင် ပေးရမှာပေါ့” ဟု ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၂ ဧပြီ ၇ရက် ကြေညာချက်တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြီးစားပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျင် တစ်စီးလျင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း သို့မဟုတ် ကျပ်သိန်း ၆,၀၀၀ဆုချီးမြှင့်မည်ဟု အသိပေးဖော်ပြထားသည်။

ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာတင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။