Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ်ရှိ စစ်​ကောင်စီတပ်စွဲထား​သောဆက်သွယ်​ရေးစခန်းကုန်းကို​တော်လှန်​ရေးတပ်ဖွဲ့များစီးနင်း

ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲစစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်ဟု အသိပေးသည်။

(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)
(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)

▪︎စစ်သားများထွက်​​ပြေးသွားပြီး ခဲယမ်းနှင့်ကျည်များကိုသိမ်းဆည်းရရှိဟု YGF ​ပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဆက်သွယ်ရေးစခန်းကုန်းအားဝင်ရောက်စီးနင်းခဲ့ပြီးခဲယမ်းနှင့်ကျည်များစွာရရှိကြောင်းရေးပြောက်ကျားတပ်ဖွဲ့ YGF က ယနေ့ ထုတ်ပြန်သည်။

၁၄ မိုင်ကျေးရွာအနောက်ဘက်တွင်ရှိသောဆက်သွယ်ရေးစခန်းကုန်း၌ စစ်ကောင်စီမှအရာရှိဦးစီးအင်အား၁၀ ဦးခန့်တပ်စွဲထားပြီး KNLAတပ်ရင်း(27)၊ တပ်ခွဲ (2) နှင် YGF-ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ် ကြောင်းတို့က ယမန်နေ့(ဇူလိုင် ၆ရက်) ည ၁၁ နာရီခွဲခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)
(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)

ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲစစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်ဟု အသိပေးသည်။

“ဝင်စီးတဲ့ စခန်းကုန်းနဲ့ ခမရ ၂၉၉ တပ်က တစ်မိုင်ကျော်ပဲရှိတာတောင် စစ်ကူမလိုက်ရဲကြဘူး”ဟု YGF ခေါင်းဆောင် ဗိုလ်ကျန်ရစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီ နောက် ပူးပေါင်းတပ်ဖွဲ့ကပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

စစ်​ကောင်စီ၏ဆက်သွယ်ရေးစခန်းကုန်းမှရှေ့ထွက်မိုင်းသုံးလုံး၊ကပ်သီး ၁၈ ခု၊ 5.56 (M-16)ကျည် ၂၁၈ တောင့်၊40mm ကျည် လုံး၂၀၊လက်ပစ်ဗုံး ၂၀၊ကျည်ဘောက် ၁၀ခု၊အီကွေမင့် နှစ်စုံ၊မှတ်ပုံတင် နှစ်ခု၊ဖုန်းသုံးလုံးနှင့်ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)ရရှိကြောင်းသိရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။