Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ပိုများလာ

ယမန်နေ့ (ဇူလိုင် ၆ ရက်)ညနေ ၃ နာရီခန့်က မင်းလှမြို့မရဲစခန်းပေါ်တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးသွားသည်ဟု ရဲစခန်းအနီးနေသူက People’s Spring ကို ပြောသည်။

စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ပိုများလာ
စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ပိုများလာ

ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သားတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၆ ရက်)ညနေ ၃ နာရီခန့်က မင်းလှမြို့မရဲစခန်းပေါ်တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားချစ်ထွေးဆိုသူ သေဆုံးသွားသည်ဟု ရဲစခန်းအနီးနေသူက People’s Spring ကို ပြောသည်။

“ပစ်တဲ့ရဲက အရာရှိထဲကတဲ့။ ချစ်ထွေးကတော့ သေသွားတယ်။ မင်းလှစခန်းကရဲတွေလည်း မူးရူးနေတာများတယ်”ဟု အဆိုပါဒေသခံကပြောသည်။

နိုင်ငံတစ်ဝန်း ခုခံတွန်းလှန်မှု ပိုအား​ကောင်းလာချိန်တွင်စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းကြား အချင်းများပြီး ပစ်ခတ်မှုများမကြာခဏ ဖြစ်ပေါ်နေသည်။ ယခု မင်းလှရဲစခန်းဖြစ်စဉ်အပါအဝင် စစ်ကောင်စီ‌လက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုသည် ၁၁ ရက်အတွင်း သုံးကြိမ်မြောက်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၄ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ် အရာရှိနှစ်ဦး စကားများကာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးစလုံးသေဆုံးသွားခဲ့သည်။

ဇွန်လ ၂၇ရက်ကလည်း ဧရာဝတီတိုင်း၊ဟင်္သာတမြို့မှ အမှတ်(၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားတစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်း​​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။

Facebook