စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီဂိတ်အနီးရှိ My Tel ဖုန်းတာဝါတိုင်နှင့် အမှတ် ၁၀ တပ်တို့ကို PDF ၃ ဖွဲ့ပေါင်း၍ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇူလိုင်လ ( ၇) ရက်နေ့ ၊ ညနေ ( ၅) နာရီခန့်ကအရာတော်မြို့အနောက်ဘက် စစ်ကောင်စီ၏ စက်မှုလယ်ယာဂိတ်အနီးရှိ Mytel တာဝါတိုင်အား ပဒေသာမိုင်း ( ၃) လုံးဖြင့် ဖောက်ခွဲဖြိုချခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ဂိတ်က စစ်သားတွေက ၆၀ မမ နဲ့နှစ်လုံး လိုက်ထုတယ်။ အထိအခိုက်မရှိပါဘူး။” ဟု ၎င်းကဆက်ပြောသည်။
ထိုအပြင် ဇူလိုင်လ( ၅)ရက်နေ့ နံနက် ( ၄ ) နာရီခွဲခန့်ကလည်း အရာတော်မြို့အခြေစိုက်အမှတ်၁၀စစ်သားစုဆောင်းရေးတပ်၊ ( အရပ်ခေါ် အရှေ့တပ်) အား ၁၀၇ မမ ၊ ၈၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

Public Service Announcement

စစ်ကောင်စီ ဘက်ကလည်း လက်နက်ကြီးများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံကပြောသည်။
My Telတာဝါတိုင်စစ်ဆင်ရေးအားSpecial Revolution Forceနှင့်လည်းကောင်း၊ အမှတ် ၁၀ တပ်ကို မုံရွာခရိုင်ရင်း( ၆)နှင့်လည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က အသိပေးထားသည်။
ထိုနေ့ကပင် ဝက်လက်နယ်မှ စျေးသည်၇ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်သည် အရာတော်နယ်သို့ ကူးသန်းဝင်ရောက်လာပြီး မင်းရွာအား ဝင်ရောက်မီးရှိူ့သွားကြောင်း ဒေသခံများက ပြောသည်။
















































