Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုချိုးဖောက်ကျူးလွန်သည့် ပြဿနာအရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းရန်နိုင်ငံတကာကို GSCB သတင်းစကားပါး

နိုင်ငံတကာအင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများပြုလုပ်ကြပါရန် အလေးအနက်တိုက်တွန်းကြောင်း GSCB က တိုက်တွန်းသည်။

(​ဒေါ်​အောင်ဆန်းစုကြည်နှင့်​တွေ့ဆုံခဲ့သည်ဟု မီဒီယာများသို့ ​​ပြောကြားခဲ့​သောထိုင်းနိုင်ငံခြား​​ရေးဝန်ကြီး။ ဓါတ်ပုံ-AFP)
(​ဒေါ်​အောင်ဆန်းစုကြည်နှင့်​တွေ့ဆုံခဲ့သည်ဟု မီဒီယာများသို့ ​​ပြောကြားခဲ့​သောထိုင်းနိုင်ငံခြား​​ရေးဝန်ကြီး။ ဓါတ်ပုံ-AFP)

▪︎စစ်အုပ်စုသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်ဖြားခြင်း ဖြစ်ပြီး ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှု များ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားကြောင်း GSCB က ဖော်ပြ

စစ်အုပ်စုက မတရားအာဏာလုယူပြီး ပြည်သူလူထုအပေါ် ဆိုးရွားစွာလူ့အခွင့်အရေးချိုးဖောက်နေခြင်းမှာ ပြဿနာ၏ မူလအရင်းအမြစ်ဖြစ်ပြီး ယင်းကို ကိုင်တွယ်ဖြေရှင်းရန် မကြိုးစားဘဲ မြန်မာ့အရေး အမှန်တကယ်ပြေလည်သွားစေမည့်မဟုတ်သည့် ဆွေးနွေးရေးလမ်းကြောင်းပေါ် အတင်းတွန်းတင်မှုမှန်သမျှကို ဆန့်ကျင်သွားမည်ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) က ယမန်နေ့တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို သတင်းစကားပါးသည်။

နိုင်ငံတကာအင်အားစုများအနေဖြင့် သတိထား၍ အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများပြုလုပ်ကြပါရန် အလေးအနက်တိုက်တွန်းကြောင်း GSCB က တိုက်တွန်းသည်။

တော်လှန်ရေးရဲဘော် အင်အားစုများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ ယုတ်မာ ကောက်ကျစ်သည့် နိုင်ငံရေးဉာဥ်ကို သိရှိကြုံတွေ့ဖူးသည့် အားလျော်စွာ ခိုင်ကြည်သည့် သန္နိဌာန်ဖြင့် ဆင်နွှဲနေသည့် တော်လှန်ရေးအား မည်သို့သော အကြောင်းနှင့်မျှ အထိခိုက်မခံကြရန်၊ ယခုထက်ပိုမို စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တော်လှန်သွားကြရန်လည်း ဆက်လက်တိုက်တွန်းသည်။

GSCB သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးယင်းသတင်းမှန်ကန်သည် ဖြစ်စေ၊မမှန်ကန်သည် ဖြစ်စေ စစ်အုပ်စုနှင့် အပေါင်းအပါတစု တို့၏ နိုင်ငံရေးအရ အလွဲသုံးစားပြုမှုနှင့် မြန်မာပြည်သူလူထုနှင့်အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှုအဖြစ်သာ မှတ်ယူကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ယခုနွေဦးတော်လှန်ရေးသည် လူတန်းစားအလွှာအသီးသီး၊ လူမျိုးစုအသီးသီး၊ အင်အားစုအသီးသီးနှင့် စုံလင်ကွဲပြားသည့် လူ့အဖွဲ့အစည်းတခုလုံး ပါဝင်နေသည့် တော်လှန်ရေးဖြစ်ပြီး မည်သည့် လူပုဂ္ဂိုလ်တဦး တယောက်၊ တစုတဖွဲ့နှင့် အင်အားစုတခု၏ ဆုံးဖြတ်ချက်ပေါ်တွင်မျှ မမူတည်ကြောင်း ကျွန်ုပ်တို့က ယုံကြည်လက်ခံထားသည်” ဟု GSCB က ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် အခြားသံတမန်များကိုကျော်၍ နိုင်ငံရေးအရ၊ သံတမန်ရေးအရ တာဝန်မရှိသည့်ပုဂ္ဂိုလ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟု သတင်းများထုတ်၍ လှုပ်ခတ်စေရန် ကြိုးစားခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးအရ အမြတ်ထုတ်၍ လိမ်ညာလှည့်

ဖြားခြင်း ဖြစ်ပြီး ယခုလုပ်ရပ်သည် အိမ်နီးချင်းနိုင်ငံများ၏ မြန်မာ့အရေးတွင် ပါဝင်ဆောင်ရွက်နေမှုမှာ ပြဿနာကို အမှန်တကယ် ပြေလည်စေလိုသည့် စိတ်စေတနာများထက် အကျိုးစီးပွားပေါ်အခြေခံ၍ ဝင်ရောက်စွက်ဖက်မှု များ ပြုလုပ်နေခြင်းအဖြစ် ထင်ရှားကြောင်း GSCB က ဖော်ပြသည်။

GSCB သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်အစုံရှိ သပိတ်ကော်မတီပေါင်း (၄၀) ကျော် အဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားပြီး “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကျဆုံးရေး”၊ “ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး”၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ချွင်းချက်မရှိဖျက်သိမ်းရေး” နှင့် “မတရားဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ၊ ကျောင်းသား၊ ပြည်သူများအား ချက်ချင်းလွှတ်ပေးရေး” စသည့် မူဝါဒ (၄) ချက်ကို ကိုင်စွဲကာ အုပ်ချုပ်သူကို ပြောင်းလဲလိုခြင်း မဟုတ်ဘဲ နိုင်ငံရေးစနစ်ကို ပြောင်းလဲမည့် ရည်ရွယ်ချက်အပြင် တရားမျှတမှု ပြန်မရမချင်း “သွေးကြွေးမှာ ဆွေးနွေးစရာ” မရှိဆိုသည့် ရပ်တည်ချက်ဖြင့် ရည်မှန်းချက် ပန်းတိုင်မရောက်မချင်း တော်လှန်နေမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။