Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အပေါ် ပိုမိုအားကောင်းသည့်နောက်ထပ်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ရန် ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာပြည်သူများအဖို့ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်သင့်ခံနိုင်ခြင်းလည်း မရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)
(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)

မြန်မာစစ်တပ်ကျူးလွန်နေမှုများ ရပ်တန့်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိုမိုအားကောင်းသည့် နောက်ထပ်ဆုံးဖြတ်ချက်အဆိုတစ်ခု ထပ်မံချမှတ်ရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။

ယမန်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ‘အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး : ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု’ နှင့် ပတ်သက်၍ Open Debate ကျင်းပပြုလုပ်ရာ မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)
(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)

ထိုသို့ ပိုမိုအားကောင်းသည့် မြန်မာ့အရေး ဆုံးဖြတ်ချက်အဆိုအား အချိန်နှင့် တပြေးညီ ချမှတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းသည့် လုပ်ငန်းစဉ်တစ်ရပ်ကို မဆိုင်းမတွဘဲ ယခုပင် စတင်လုပ်ဆောင်ရန် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို တဆက်တည်းတောင်းဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာဒေသများတွင် မှီတည်းနေထိုင်သူများသည် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်ပေးခြင်းမှ အကာအကွယ်ရရှိရန် အထူးလိုအပ်လျက်ရှိပြီး ရှင်ကျန်ရစ်သူများ အနေဖြင့်လည်း တရားမျှတမှုရရှိရန် ထိုက်တန်ကြောင်း သံအမတ်ကြီးက ကောင်စီသို့ အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်တပ်သည် ၎င်း၏ တပ်သားများမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းကို ကိုင်တွယ်ဖြေရှင်းပေးရန် ဆန္ဒအလျဉ်းမရှိဘဲ ယင်းအစား ပစ်ဒဏ်ခတ်ခြင်းမခံရသည့် ကျင့်စဉ်ကိုသာ ဆက်လက်ထိန်းသိမ်းနေမြဲဖြစ်ကြောင်း သံအမတ်ကြီးက တင်ပြသည်။

(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)
(မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြား​နေစဥ်။ဓါတ်ပုံ-PMOMTTUN)

မြန်မာပြည်သူများအဖို့ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်သင့်ခံနိုင်ခြင်းလည်း မရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

ထို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်နေမှုအား အပြီးတိုင်ချုပ်ငြိမ်းစေရန် ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန်လိုအပ်ကြောင်း တိုက်တွန်းသည်။

လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားသည့် နေရာဒေသများတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အလေးထားအာရုံစိုက် သင့်ပြီး စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရေး တောင်းဆိုရန် သံအမတ်ကြီးက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။