Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး တိကျပြတ်သား ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီချမှတ်လုပ်ဆောင်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း

သို့မှသာ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သာမက စစ်အာဏာရှင်များအောက် ဆိုးရွားသောဒုက္ခများ ခံစားနေကြရသည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အား လိုလားတောင့်တနေသည့် ပြည်သူများ၏ အခွင့်အရေးများကိုပါ မြှင့်တင်ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိကျပြတ်သား ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီချမှတ်လုပ်ဆောင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ထပ်မံတိုက်တွန်းသည်။

နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ဝင် နိုင်ငံများ၏ (၁၆) ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ မှ ၁၅ ရက်အထိ ကျင်းပခဲ့ရာ ညီလာခံအတွင်း မြန်မာသံအမတ်ကြီးက ၂၀၂၁ ဖေဖော်ဝါရီ မတရားစစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက မသန်စွမ်းသူများအပါအဝင် ထိရှလွယ်သောအုပ်စုများအတွက် ကြီးမားသောစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်းနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ပို၍ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံသည်။

ထို့အပြင် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေးတို့အတွက် နိုင်ငံတကာအနေဖြင့် ထိရောက်မှုရှိသော ပံ့ပိုးကူညီမှုများကို အရေးတကြီး ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုသည်။

သို့မှသာ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သာမက စစ်အာဏာရှင်များအောက် ဆိုးရွားသောဒုက္ခများ ခံစားနေကြရသည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အား လိုလားတောင့်တနေသည့် ပြည်သူများ၏ အခွင့်အရေးများကိုပါ မြှင့်တင်ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မသန်စွမ်းသူများအတွက် မိမိတို့အားလုံး ယခုထက်ပို၍ အတူတကွကြိုးပမ်း အားထုတ်သွားကြရန် လိုအပ်ပြီး အဓိကအားဖြင့် စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာ၌ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား သန်စွမ်းသူများဖြစ်စေ၊ မသန်စွမ်းသူများဖြစ်စေ၊ အမျိုးသား၊ အမျိုးသမီး၊ ကြီးသည်၊ ငယ်သည်မဟူ ခွဲခြားခြင်းမရှိဘဲ ကျူးလွန်နေကြောင်း သံအမတ်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ပြည်ပရောက် မြန်မာတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိနိုင်ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ​စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook