Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ ၆ဦးထက်မနည်းကို စစ်ကောင်စီ ပြန်လည် ဖမ်းဆီးစစ်ဆေးနေဟုကချင်သတင်းရင်းမြစ်များပြော

စစ်ကောင်စီ တိုင်းမှူး ကိုကိုမောင်သည် ၂၀၂၂ ဩဂုတ်လတွင် တိုင်းမှူး အပြောင်းအလဲများပြုလုပ်စဉ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ မြောက်ပိုင်းတိုင်း၌ တာဝန်ကျလာခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏အမှတ်တံဆိပ်)

“အဓိကတော့ ဖားကန့်ကို သွားတဲ့ယမ်းပေါ့။ အဲဒါကိုသယ်တဲ့အချိန်မှာဒီကနေ့ လောပန်းတွေက ပိုက်ဆံပေးပြီးမှ သယ်တာပေါ့ကွာ။ အဲဒီယမ်းက စစ်ကိုင်းဘက် ရောက်သွားသလိုကြားတယ်”

ကချင်ပြည်နယ် အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှစစ်တပ်ထိပ်ပိုင်းအရာရှိ ၆ဦးထက်မနည်းကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီးစစ်ဆေးနေကြောင်း ကချင်ဒေသခံ သတင်းရင်းမြစ်သုံးဦးကအတည်ပြုပြောကြားသည်။

တိုင်းမှူး ၊ ဖားကန့်ရှိ တပ်မ(၃၃) တပ်မမှူး၊ ဒုတပ်မမှူး၊ တပ်မ(၈၈) တပ်မမှူး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ မပခတိုင်းမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ ဂျီဝမ်းတို့ အပါအဝင် စစ်ဘက် အရာရှိများကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ ဖမ်းဆီးမှု နှင့်ပတ်သက်ပြီး ကချင်ဒေသအခြေစိုက် သတင်းဌာနအချို့ကလည်း ယမန်နေ့ညကတည်းက ဖော်ပြခဲ့သည်။

“တကယ်အဖမ်းခံရတာဖြစ်နိုင်တယ်။အဲဒီမတိုင်ခင်(သတင်းဖော်ပြချက်များမရှိမီ) ကတည်းကသတင်းတွေကျနော်တို့ ကြားတယ်။ အခုက ဒီထဲက မှော်ထဲ(ဖားကန့်ဒေသ)က လူတွေလည်းပါသွား တယ်ကြားတယ်။ မှော်ထဲက တပ်မမှူးရယ်၊ တပ်မမှူး နှစ်ယောက်ပါတယ်ကြားတယ်။ စစ်ရေး အခြေအနေနဲ့ အများကြီးဆိုင်မယ်ထင်တယ်။ တပ်မမှူးတွေ နှစ်ယောက်တောင် ပါသွားတယ်ဆိုတော့ လေ စစ်ရေး အခြေအနေနဲ့ဆိုင်မယ်ထင်တယ်” ဟု ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

အခြားနောက်ထပ် ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီ တိုင်းမှူးနှင့် အရာရှိများကို ဇူလိုင် ၁၃ရက်နေ့ကတည်းက စစ်ဆေးနေခြင်းဖြစ်သည်ဟု သိရကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ သိရသလောက်တော့အကြီးပိုင်း ၆ယောက်လောက် စစ်ဆေးရေးဝင်တယ်လို့ကြားတယ်။ အဓိကတော့ ဖားကန့်ကို သွားတဲ့ယမ်းပေါ့။ အဲဒါကိုသယ်တဲ့အချိန်မှာဒီကနေ့ လောပန်းတွေက ပိုက်ဆံပေးပြီးမှ သယ်တာပေါ့ကွာ။ အဲဒီယမ်းက စစ်ကိုင်းဘက် ရောက်သွားသလိုကြားတယ်။ အဲဒီအတွက်ထင်တယ် ကျနော်တို့ ဒီလိုပဲခန့်မှန်းတာပါ”ဟု ၎င်းက ​ပြောသည်။

ဖားကန့်ဒေသသို့ တင်သွင်းလာသည့် ယမ်းများကို ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအတွက် အသုံးပြုသကဲ့သို့ စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များထံသို့ရောက်ရှိသွားခြင်းအပေါ် စစ်ဆေးခြင်းဖြစ်သည်ဟု ပြောသည်။သို့သော်ယင်းနှင့်နှင့်ပတ်သပ်၍သီးခြားအတည်ပြုချက်မရသေးပေ။

ထိုသို့ဖမ်းဆီးမှုဖြစ်ပေါ်လာခြင်းမှာ ဒေသတွင်း စစ်ရေးဆောင်ရွက်ချက်များ အောင်မြင်မှု မရှိခြင်း၊ ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ငွေကြေးရယူ ခွင့်ပြုခြင်း တို့နှင့် သက်ဆိုင်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

“ကျနော်တို့လည်း ကိုယ်တိုင်မတွေ့ဘူး သတင်းအရတော့ လက်ထိပ်တောင်မှ တိုင်းမှူးကိုပဲ မခတ်တာလို့ ပြောတာရော။ဖားကန့်ကိစ္စအများကြီးပါတယ်ပြောတယ်။ ဘယ်လိုမျိုးပါတယ်ဆိုတာတော့ မသိဘူး။ လောလောဆယ် ၇ဦးလား ၈ဦးလားပဲ။ ဗိုလ်မှူးကြီးအဆင့်ထိပါတယ်တယ်ပြောတယ်။ နယ်လုံဝန်ကြီးလည်း ပါတယ်ပြောတယ်။ ဖားကန့်ကကျတော့ တပ်မမှူးနဲ့ ဒုတပ်မမှူး နှစ်ယောက်စလုံးပါသွားတယ်ပြောတယ်။ အခြား တပ်မကျတော့တပ်မ ၈၈ကျတော့ တပ်မမှူးပဲပါတယ်ကြားတယ်။ ပထမ ကြားတာ တိုင်း ဂျီဝမ်းလည်းပါတယ်ပြောတယ် မနေ့ညကကျတော့ မပါသလိုပြောနေကြတယ်” ဟု ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကလည်း “နပတက လာစစ်ဆေးနေတယ် လို့ကြားတယ်။ တိုင်းမှူးကို အကျယ်ချုပ်လုပ်ထားပြီး စစ်ဆေးနေတာ” ဟု ၎င်းဆက်ပြောသည်။

ထိုသို့ မပခမှအရာရှိများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်နေသည့် အချိန်သည် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး နမ့်ဆန်ယာန်ဒေသကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် အချိန်ဖြစ်သည်။ ဇူလိုင် ၃ရက်ကစ၍ နမ့်ဆန်ယာန်ဒေသ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

“အခုဟာကြည့်ရတာကတချို့(စစ်ကောင်စီတပ်အရာရှိများ)က အနေကြာလာလို့ရှိရင် ဒေသခံတပ်ရင်းတပ်ဖွဲ့တွေ(KIA နယ်မြေခံတပ်များ)နဲ့ရင်းနီးလာတဲ့အခါကျရင် အထက်ကနေ တိုက်ခွင့်ပေးတဲ့အခါကျရင် တိုက်ချင်ယောင်ဆောင်တာမျိုးတို့ ငြင်းတာမျိုးတို့ ထိရောက်အောင် မတိုက်တာမျိုးတို့ ဖြစ်တက်တယ်ပေါ့နော်။ အဲဒါကြောင့်လည်းဖြစ်နိုင်တယ်။ ကြာလာပြီဆို ရင်းနှီးလာတာလေ။ အရင်တုန်းကလည်း အဲဒီလိုရှိခဲ့တော့ အဲဒါကြောင့် ပြောင်းလိုက်တာဖြစ်နိုင်တယ်။ ပြောင်းဖို့လုပ်တဲ့အချိန်မှာ ပြစ်ချက်လေးတွေပါပါလာတဲ့ သဘောမှာရှိတယ်” ဟု ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ရေးအခြေအနေများထူးခြားလာနိုင်ကြောင်း၊ လက်ရှိ စစ်ကောင်စီတပ်က နမ့်ဆန်ယာန်ဒေသသို့ စစ်အင်အားသုံး ထိုးစစ်ဆင်နေခြင်းရည်ရွယ်ချက်မှာလည်း ခန့်မှန်းရခက်ကြောင်း ၎င်းက သုံးသပ်သည်။

“ သူ့တပ်က လော်ဘီတွေ ပြောနေသလို လိုင်ဇာကိုပဲ ထိုးချင်တာလား။ဒါမှမဟုတ်ရင် မြစ်ကြီးနား ဗန်းမော်လမ်းကိုပဲထိန်းချင်တာလားဆိုတာ ကျနော်တို့က အတိအကျ မသိနိုင်ဘူးဖြစ်နေတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာကို တိုက်ခိုက်ပါက စစ်ကောင်စီတပ်ပို၍ ထိခိုက်ကျဆုံးများမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ကချင်သတင်းဌာနများဖြစ်သည့် 7Stars News ၏ ဖော်ပြချက်တွင် KIO ဌာနချုပ် လိုင်ဇာကို တိုက်ခိုက်ရန် ငြင်းဆန်၍ တိုင်းမှူး ကိုကိုမောင်နှင့် ၎င်း၏ အဖွဲ့သားများကို နေပြည်တော်မှ တိုက်ရိုက်လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ Kachinwaves၏ ဖော်ပြချက်တွင်မူ တိုင်းမှူး ကိုကိုမောင် အပါအဝင် မပခ စစ်အရာရှိ ၇ဦးခန့် နေပြည်တော်သို့ဆင့်ခေါ်ခံရသည်ဟု သိရကြောင်း ဖော်ပြထားပြီး ဖားကန့်မှ စီးပွားရေးသမားတစ်ဦးလည်း ပါဝင်ကြောင်း ရေးသားထားသည်။

စစ်ကောင်စီ တိုင်းမှူး ကိုကိုမောင်သည် ၂၀၂၂ ဩဂုတ်လတွင် တိုင်းမှူး အပြောင်းအလဲများပြုလုပ်စဉ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ မြောက်ပိုင်းတိုင်း၌ တာဝန်ကျလာခြင်းဖြစ်သည်။

သို့​သော် အခြား​သောသတင်းရင်းမြစ်တစ်ဦး က မပခစစ်တိုင်းမှူးကိုကို​မောင်သည် အာဏာသိမ်း​ခေါင်း​ဆောင်၏ ယုံကြည်အားထားရသူဖြစ်၍ ၎င်းဖမ်းဆီးခံရသည်မှာမဖြစ်နိုင်​သော်လည်း ၊ဖားကန့်မှ စစ်ဘက်အရာရှိများဖမ်းဆီးခံရသည်ဟုသိ့ထား​ကြောင်း​ပြောသည်။ဖားကန့်သို့ ယမ်းသယ်​ဆောင်​သောကိစ္စဖြင့်ဆက်စပ်သည်ဟုသိရ​ကြောင်း၎င်းကဆက်​ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး သန်းထိုက် ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး နေပြည်တော်၌ စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက တိုင်းမှူးကို လူမြင်ကွင်းရှေ့ထုတ်ပြန်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ ဝါဒဖြန့်ချိရေးလုပ်ငန်းအတွင်း သတင်းတုများကို တစ်ဖက်လှည့်ဖြင့် ထုတ်ပြန်ခြင်း၊ သတင်းအမှားများကို သတင်းဌာနများက ဖော်ပြနေကြောင်း သက်သေပြပြီး ၎င်းတို့ အဖွဲ့အတွင်း စည်းရုံးရေးလုပ်ဆောင်ခြင်း၊ သတင်းတု သတင်းမှားများ ဖြန့်ဝေခြင်းစသည့် ဝါဒဖြန့်မှုကိုနည်းမျိုးစုံဖြင့်ပြုလုပ်နေသည်ကိုလည်းတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။