Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှနမ့်ဆန်ယာန်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၍ တိုက်ပွဲဖြစ်

KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးထား၍နမ့်ဆန်ယာန်ဒေသတိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ယမန်နေ့က People’s Spring သို့ ပြောကြားထားသည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ဒေသ သို့ စစ်အင်အားဖြည့်တင်းလာသည့်စစ်ကောင်စီတပ်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညပိုင်း၌ တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၃ရက် ည ၇နာရီ ၄၀ ခန့်တွင် ဝိုင်းမော်မြို့နယ်မလန့်ယာန်ရွာအလွန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးပေ။

“မနေ့ညက မြစ်ကြီးနားဘက် စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ မလန့်ယာန်အလွန်မှာ တိုက်ပွဲဖြစ်တယ်။(ထိခိုက်မှု အခြေနေ) မသိသေး” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့်ရက်များကလည်း မြစ်ကြီးနားမှနမ့်ဆန်ယာန်ဒေသသို့စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် ဗန်းမော်မှ နန်ဆန်ယာန်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်များကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ကထိခိုက်သေဆုံးမှု များပြားကြောင်း သတင်းရင်းမြစ် အချို့ထံမှ သိရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးထား၍နမ့်ဆန်ယာန်ဒေသတိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ယမန်နေ့က People’s Spring သို့ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။