Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ်၄ဦးသေ၊၁၇ဦးထက်မနည်း ဒဏ်ရာရဟု​ဒေသခံကာကွယ်​ရေးအဖွဲ့​ပြော

အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် တန့်ဆည်မြို့နယ် ပဲဇင်းကြီးရွာအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်နံနက် ၅နာရီ ၂၇ မိနစ်မှ နာရီ ခွဲအထိ ၁နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲသည်။

(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)
(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)

တန့်ဆည်တွင်ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)နံနက်က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၇ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီးယနေ့တွင်ကဒူးမရွာထဲ၌ တပ်စွဲနေ​ကြောင်း ​Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောပြောသည်။

အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် တန့်ဆည်မြို့နယ် ပဲဇင်းကြီးရွာအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်နံနက် ၅နာရီ ၂၇ မိနစ်မှ နာရီ ခွဲအထိ ၁နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲသည်။

“တိုက်ပွဲက တော်တော်လေးပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဖက်က လေးဦးသေဆုံးပါတယ်။ ၁၇ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။ အတွင်းသတင်းပြန်ရပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာသဖြင့် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်​တွင် မုံရွာနမခ မှMI35 ရဟတ်ယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ရာနေရာအနီးမှ သပြေရင်းရွာ၊ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး အရပ်သားထိခိုက်မှုမရှိဟု၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဇူလိုင်လ ၁၆ ရက်)နံနက်တွင် ကဒူးမရွာထဲ၌ တပ်စွဲထားဆဲဖြစ်​ကြောင်းလဘ်းသိရသည်။

“ဒီနေ့တော့ မလှုပ်ရှားသေးဘူး။ ခါတိုင်းဆိုရင် တညနားပြီးတောက်လျှောက်ပြန်ထွက်တယ်။ အခုကတော့ ရွာထဲမှာပဲ ရှိနေတယ်။ မနေ့က တိုက်ပွဲမှာ ဒီကောင်တွေ အထိနာသွားပြီး ဆေးကုနေတာထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

လတ်တ‌လောတွင် စစ်ကောင်စီစစ်ကြောင်းရှိရာ နေရာမှ နှစ်မိုင်ခန့်အတွင်း နေထိုင်သော ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။