Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကမူးပြီးရှိမ်းမကားရွာကိုထပ်မံ မီးရှို့ ၍ နေအိမ်နှင့် ​ဈေးဆိုင်၄၀နီးပါး မီးလောင်ပြာကျ

စစ်ကောင်စီတပ်သည်ရှိမ်းမကားရဲစခန်း၌ တပ်စွဲထားပြီး နေ့အချိန်တွင်မထွက်ရဲဘဲ ညအချိန်တွင်မူ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာတွင် ရဲစခန်း၌တပ်စွဲထား​သောစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ စျေးဆိုင်ခန်းများနှင့်လူနေအိမ် စုစုပေါင်း ၄၀နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့( ဇူလိုင်လ ၁၄ ရက်)ညပိုင်းက ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားရွာတွင်အထိုင်ချနေသောစစ်ကောင်စီတပ်သားများသည် အရက်သေစာများ သောက်စားပြီး စက်သေနတ်များ ၊လက်နက်ကြီးများ ၊သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

ထို့နောက် ည၁၂နာရီခန့်တွင် ရွာအနောက်ဘက် သဲဘုတ်ကုန်းရှိ နေအိမ်၃လုံးနှင့် တဲ ၂လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ရှိမ်းမကားရွာလယ်ရှိဈေးကို ဝင်ရောက်မီးရှို့ခဲ့ရာ ဆိုင်ခန်းများနှင့် စျေးအနီးလူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ်နှင့်ဆိုင်ခန်း ၃၃လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“မီးရှို့တာက သုံးလေးကြိမ်လောက်ရှိပြီ။ တစ်ရွာလုံးမရှို့တဲ့သဘောမျိုးပဲမရှို့တာ။ အခုဟာကတော်တော်ကိုလောင်တယ်။စျေးကအကုန်လုံးနီးပါးပါသွားတာ။ သုံးပုံနှစ်ပုံလောက်ပါသွားတယ်။ စုစုပေါင်း ဆိုင်ခန်း၊ အိမ်၊ တိုက်တွေ၃၃လုံးလောက် ပါသွားတယ်။အဲဒါရွာထဲမှာ။ ရွာ့အပြင် သဲဘုတ်ကုန်းမှာလည်း ၄လုံး ၅လုံးလောက်လောင်သွားသေးတယ်။”ဟု Wetlet Informational Network အဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

စစ်ကောင်စီတပ်သည်ရှိမ်းမကားရဲစခန်း၌ တပ်စွဲထားပြီး နေ့အချိန်တွင်မထွက်ရဲဘဲ ညအချိန်တွင်မူ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

“အရက်မူးတိုင်းရမ်းသမ်းပစ်တယ်။ ဟိုးအရင်ပြီးခဲ့တဲ့ ၇ လ ၈ လ လောက်ကလည်း လက်နက်ကြီးနဲ့ရမ်းပစ်လိုက်တာ အမျိုးသမီးတစ်​ယောက် ထိမှန်တယ်။ ကလေးမှတစ်နှစ်သမီးလောက်ရှိသေးတယ်။”ဟုဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် ရှိမ်းမကားရွာဈေးနှင့် ​နေအိမ်များကို​တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

ရှိမ်းမကားရွာစျေးသည် ဝက်လက်နယ်အရှေ့ခြမ်းကျေးရွာများ အားထားရသော စျေးကြီးတစ်ခုဖြစ်သည်။

ဝက်လက်နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲမကြာခဏ ဖြစ်ပွား​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်