Connect with us

Hi, what are you looking for?

သတင်း

နေပြည်​​​တော် ကုတင်တစ်​ထောင်စစ်​ဆေးရုံတွင် ​ခြေလက်ပြတ်၍ကု​နေရ​သောစစ်သားနှစ်လအတွင်း ၂၀၀ ​ကျော်ဟုဆို

လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့ နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(​နေပြည်​တော် ကုတင်၁၀၀၀ စစ်​ဆေးရုံတွင်​ဆေးဝါးကုသမှုခံယူ​နေ​သော ​စစ်​သားအချို့ ။ဓါတ်ပုံ-Thar Htet Nyan)
(​နေပြည်​တော် ကုတင်၁၀၀၀ စစ်​ဆေးရုံတွင်​ဆေးဝါးကုသမှုခံယူ​နေ​သော ​စစ်​သားအချို့ ။ဓါတ်ပုံ-Thar Htet Nyan)

နေပြည်တော်ကုတင်(၁,၀၀၀) စစ်ဆေးရုံတွင် စစ်​ကောင်စီတပ်သားများခြေလက်ပြတ်၍ ကုသနေရသူ နှစ်လအတွင်း ၂၀၀ ကျော်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြော သည်။

အထူးသဖြင့် ရှမ်းပြည်နယ်​တောင်ပိုင်း နှင့်ကရင်နီ (ကယား)ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်စီ တပ်သားများဖြစ်ကာ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများနေခြင်းဖြစ်​ကြောင်းသိရသည်။

“နေပြည်တော်လိုအခြေစိုက်တဲ့စစ်ဆေးရုံတစ်ခုသည် ပုံမှန်ကာလတွေမှာ အရေးပေါ်(EA Transfer)အဖြစ်သာလွှဲပြောင်းပေးရသောအထက်ဌာနတစ်ခုဖြစ်ပြီး အောက်ဌာနေဆေးရုံငယ်များအနေဖြင့်တောင်မရှူနိင်မကယ်နိုင်ဖြစ်နေရသော မင်းအောင်လှိူင်တပ်ဖွဲ့ဝင်များကိုကြည့်ခြင်းအားဖြင့် “နေပြည်တော်မှရင်ခုန်သံ”ကိုကြားရခြင်းပင်ဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီး သာထက်ဥာဏ်က သုံး သပ်သည်။

(​နေပြည်​တော် ကုတင်၁၀၀၀ စစ်​ဆေးရုံတွင်​ဆေးဝါးကုသမှုခံယူ​နေ​သော ​စစ်​သားအချို့ ။ဓါတ်ပုံ-Thar Htet Nyan)
(​နေပြည်​တော် ကုတင်၁၀၀၀ စစ်​ဆေးရုံတွင်​ဆေးဝါးကုသမှုခံယူ​နေ​သော ​စစ်​သားအချို့ ။ဓါတ်ပုံ-Thar Htet Nyan)

ထို့အပြင်ခြေလက်ဖြတ်တောက်ရသည့် စစ်ကောင်စီ တပ်သားများ၏ ထောက်ပံ့ စရိတ်ကိုပင် အထက်အရာရှိအဆင့်ဆင့်ဖြတ်တောက်ခံနေကြရသည်ဟု လည်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီစခန်းတွေကိုဝင်စီးတဲ့အခါ ဒါမှမဟုတ်တိုက်ပွဲတွင်း တိုက်တဲ့အခါ နဲ့ သူတို့အခြေစိုက်တပ် တွေကို တိုက်ခိုက်ရေးမှာ နည်းပညာအရ ကျွန်တော်တို့ တွေ အသာစီးရနေ တာက ဒရုန်းနဲ့ တိုက်ခိုက်ရေးဖြစ်တယ်။အဲဒါ ကို ဖိဖိစီးစီး နဲ့ ဒီထက်ပိုကောင်းအောင် ဆက်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အပိုင်းမှာ လိုအပ်ချက်တွေကတော့ရှိနေတာပေါ့ ။အထူးသဖြင့် ဘဏ္ဍာရေးပိုင်းပေါ့။ဒါကိုလည်း မိဘပြည်သူတွေရဲ့ အားနဲ့ ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ ဖယ်ခုံ၊မိုးဗြဲ တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး ကရင်နီပြည်နယ် ဘောလခဲခရိုင်ရှိ ရွာသစ်၊ဖားဆောင်းနှင့် မယ်စဲ့ တိုက်ပွဲများမှာ ပြင်းထန်နေသည်။

ဇွန်လ အတွင်းက ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါး သေဆုံး ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့ နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။