Connect with us

Hi, what are you looking for?

သတင်း

လမ်းအားလုံးနေပြည်တော်သို့ စစ်ဆင်ရေးမှာ စစ်အုပ်စုဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ အပ်ရန်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ဇူလိုင် ၃ရက်ညပိုင်းကပြုလုပ်သည့် ပြည်တော်ဝင်ကမ်ပိန်းပိတ်ပွဲနှင့် ပြည်တော်ဝင်ပန်းချီကား လေလေံတင်သည့်ပွဲ၌ ဝန်ကြီးဦးရည်မွန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လမ်းအားလုံးနေပြည်တော်သို့ စစ်ဆင်ရေးမှာ စစ်အုပ်စုဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ အပ်ရန်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
လမ်းအားလုံးနေပြည်တော်သို့ စစ်ဆင်ရေးမှာ စစ်အုပ်စုဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ အပ်ရန်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

လက်ရှိစစ်ရေးအခြေအနေမှာ လမ်းအားလုံး နေပြည်တော်သို့ဟု အထိမ်းအမှတ်ပြုထားသည့် စစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဇူလိုင် ၃ရက်ညပိုင်းကပြုလုပ်သည့် ပြည်တော်ဝင်ကမ်ပိန်းပိတ်ပွဲနှင့် ပြည်တော်ဝင်ပန်းချီကား လေလေံတင်သည့်ပွဲ၌ ဝန်ကြီးဦးရည်မွန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လမ်းအားလုံးနေပြည်တော်သို့ဆိုတာ ဘာလဲ၊ ဘယ်လမ်းကို ဆိုလိုတာလည်း ဒါနဲ့ပတ်သက်ရင်တော့ လက်ရှိ နေပြည်တော်မှာကို ဗဟိုပြုပြီးတော့မှ တိုင်းပြည်အပေါ်မှာ ဗိုလ်ကျနေတဲ့ စစ်အုပ်စုကို တွန်းလှန် ဖယ်ရှားပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ကို ပြန်ပြီးတော့ အပ်နှင်းကြဖို့ ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ရဲဘော်တွေ ချီတက်နေတဲ့ လမ်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

မဟာဗျူဟာအရ စစ်မျက်နှာအသီးသီး၊ မြန်မာနိုင်ငံတနံတလျား ကိုယ့်စစ်မျက်နှာ ကိုယ် တာဝန်ယူပြီး တိုက်ပွဲဝင်နေသော်လည်း ဦးတည်ချက်က တစ်ခုတည်းရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီဦးတည်ချက်က ဘာလဲ။ နေပြည်တော်က စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားပစ်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲကို ပြန်လည်အပ်နှင်းဖို့ ကျနော်တို့ ရဲဘော်တွေ ပြည်သူနဲ့ လက်တွဲပြီး အတူတကွ ချီတက်နေတဲ့ လမ်းခရီးကို ဆိုလိုတာ ဖြစ်တယ်လို့ ဒီလိုပြောရပါမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများ၏ မဟာဗျူဟာသည် ကွက်ပြည့်နင်းသည့် မဟာဗျူဟာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်စုကို ဘယ်နေရာမှာမှ အသက်ရှုပေါက်မပေးဘဲနဲ့ တွန်းလှန်တိုက်ပွဲဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ PDFအင်အား တည်ဆောက်ခဲ့တာဖြစ်သလို အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ ကွက်ပြည့်နင်းနိုင်တဲ့ အခြေအနေ ကျနော်တို့ ရောက်ခဲ့ပါပြီ”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ဒေသတိုင်း၌ တိုက်ပွဲဝင်မည့် ရဲဘော်များ ရှိနေပြီဖြစ်ပြီး အမှန်တကယ် တိုက်ပွဲဝင်နိုင်စွမ်းရှိကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook