Connect with us

Hi, what are you looking for?

သတင်း

မမများနဲ့ပွဲကမယ် ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်မှ ဒေါ်လာ ၂သန်းနီးပါးရ

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ တော်လှန်ရေးအတွက် ထည့်သွင်းလှူဒါန်းထားသည့် ဘဏ္ဍာငွေကြေးများကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စီစစ်သုံးစွဲလျက်ရှိပြီး အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦး။ဓါတ်ပုံ-NUG)

▪︎PDF၊ ကရင်နီ KNDF ၊ ချင်းတပ်ပေါင်းစု များ အပါအဝင် တော်လှန်ရေးအင်အားစုများအတွက် လျာထား သုံးစွဲနေဟု အသိပေး

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရေးလက်နက်ကြီးများ ဝယ်ယူဖြည့်တင်းရန် ဆောင်ရွက်ခဲ့သည့် “မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဉ်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ သန်း လက်ခံရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်အသိပေးသည်။

မမများနဲ့ပွဲကမယ် ကရင်နီ၊ စစ်ကိုင်း၊ ချင်း မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ် (၄) ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂သန်းနီးပါး ရရှိခဲ့ရာ ယင်းဘဏ္ဍာငွေများအနက်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လျာထားသုံးစွဲလျက်ရှိကြောင်း ဖော်ပြသည်။

ထို့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွက် ဒေါ်လာ ၂သိန်းခွဲ ၊ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) အတွက် ဒေါ်လာ ၁သိန်း ၄လောင်း လျာထား သုံးစွဲနေသည်ဟု အသိပေးသည်။

အခြားသော တော်လှန်ရေးအင်အားစုများအတွက် ဒေါ်လာ ၄သောင်း လျာထား သုံးစွဲလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုမှ တော်လှန်ရေးအတွက် ထည့်သွင်းလှူဒါန်းထားသည့် ဘဏ္ဍာငွေကြေးများကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် အဖိတ်အစင်မရှိ စနစ်တကျ စီစစ်သုံးစွဲလျက်ရှိပြီး အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းထုတ်ပြန်သည်။

မမများနှင့် ပွဲကမယ် အစီအစဉ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ ၏ မြေပြင်တိုက်ပွဲဝင်မှုများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

ငါးကြိမ်မြောက် မမများဖြင့် ပွဲကမယ် အစီအစဉ်ကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းလည်း အစီအစဉ် အကောင်အထည်ဖော်နေသူများက ကြေညာထားသည်။

ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ရေးအတွက်လည်း ပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် မမများနဲ့ပွဲကမယ် အစီအစဉ်အပါအဝင် အခြားသော တော်လှန်ရေးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်များ ကိုလည်း အင်တိုက်အားတိုက် ဆက်လက် ပါဝင်ပေးကြပါရန် ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။