Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ပန်းတင်ဂိတ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ

ပန်းတင်ဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အများအပြားဒတ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ပြီး ဂိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ပန်းတင်တံတားဂိတ်အနီးရှိ စစ်​ကောင်စီတပ်သားများ၏အ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-CJ)
(ပန်းတင်တံတားဂိတ်အနီးရှိ စစ်​ကောင်စီတပ်သားများ၏အ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-CJ)

ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ အဓိကစစ်ဆေးရေးစခန်းတစ်ခုဖြစ်သော ပန်းတင်တံတားဂိတ်ကို KIAတပ်ရင်း ၆ က ယမန်နေ့က တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လုံးခင်းနှင့် ဖားကန့်ကြားရှိ ပန်းတင်ဂိတ်ကိုဇူလိုင်လ ၂၁ရက် နံနက် ၁နာရီ ၁၅မိနစ်ခန့်တွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၂၂ရက်)ည သတင်းထုတ်ပြန်ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း ၆ က တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြထားသည်။

ပန်းတင်ဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အများအပြားဒတ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ပြီး ဂိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ပန်းတင်တံတားဂိတ်အနီးရှိ စစ်​ကောင်စီတပ်သားများ၏အ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-CJ)
(ပန်းတင်တံတားဂိတ်အနီးရှိ စစ်​ကောင်စီတပ်သားများ၏အ​ဆောက်အအုံအချို့ ။ဓါတ်ပုံ-CJ)

“ဒီဂိတ်က ရဲကင်းရော စကစကင်းရော အင်အား ၄၀နဲ့ ၆၀ကြားရှိတယ်။ ပြည်သူတွေကို ခဏခဏအဖမ်းဆီးစစ်ဆေးတဲ့ဂိတ်။ ဒီဂိတ်ကို စီးနင်းတိုက်ခိုက်တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်တွင် အထိအခိုက်များခဲ့သည်ဟု KIA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

“သူတို့ဖက်က အရာရှိနှစ်ယောက်ထိတယ်။ တပ်သားတွေ တော်တော် ထိတယ်”ဟု ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲတွင် ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ တပ်ဖွဲ့ဝင် နှစ် ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးကျဆုံးခဲ့ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

အဆိုပါ ဂိတ်သည် ရဲတပ်ရင်း ၂၈နှင့် စစ်ကောင်စီတပ်မ ၃၃ လက်အောက်ခံတပ်ရင်းများ တပ်စွဲထားသည့် ဂိတ်ဖြစ်သည်။တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေသောကြောင့် ပြည်သူများထိခိုက်မည်ကို စိုးရိမ်၍ ဆုတ်ခွာပေးခဲ့သည်ဟု ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ပစ်သောလက်နက်ကြီးကျည်သည်မှော်ဝမ်းရပ်ကွက်ရှိ ပေါ်ဦးသောက်ရေသန့်စက်ရုံထဲသို့ကျရောက်ပေါက်ကွဲရာ အသက် ၂၅ နှစ်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။

ဇူလိုင် ၂၁ ရက် ည​နေပိုင်းတွင် စစ်​ကောင်စီက အင်အားအများအပြားဖြင့်​ရောက်ရှိလာပြီး ဖြတ်သန်းသွားလာသူများကို စစ်​ဆေး​နေ​​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။